Anime ၊ ဂိမ်း ၊ Idol ၊ ဂီတနှင့်ရုပ်ရှင် စသည်
သင်စိတ်အားထက်သန်သောအရာကို သင့်အလုပ်အဖြစ် ပြောင်းလဲပါ

ယခုလက်ရှိကုမ္ပဏီတွင် နိုင်ငံခြားသားဝန်ထမ်းအရေအတွက်ဟာ အယောက်၂၀၀ကျော်ရှိနေပြီး ဌာနအသီးသီးမှာအလုပ်လုပ်ကိုင်လျက်ရှိနေပါသည်။
တရုတ်၊ နီပေါ၊ မြန်မာ၊ ဗီယက်နမ်၊ တိုင်ဝမ်၊ ကိုရီးယားစသည့်အာရှနိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များက အလုပ်လုပ်ကိုင်လျက်ရှိပါသည်။
အနာဂတ်အတွက် Surugayaကုမ္ပဏီသည် နိုင်ငံခြားသားဝန်ထမ်းဉီးရေ ကိုအရေအတွက်အများအပြား တိုးချဲ့ခေါ်ယူဖို့ပြင်ဆင်နေပြီး ကုမ္ပဏီ၏အရေးပါသောအခန်းကဏ္ဍများတွင်တစ်တက်တစ်အားအဖြစ်ပါဝင်စေမှာဖြစ်ပါသည်။
ဂရုတစိုက်လမ်းညွှန်ကူညီရန် အသင့်ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။
အလုပ်ကျွမ်းကျင်မှုတိုးတက်လာပါက ကျွမ်းကျင်လာမှုစွမ်းရည်နှင့်အညီ အထက်သို့ တက်လမ်းနိုင်မည့် အခွင့်အလမ်းအများအပြားလဲရှိပြီး
ကာလရှည်ကြာစွာ လက်တွဲအလုပ်လုပ်ခဲ့သူများအတွက်လဲ ဂျပန်နိုင်ငံရဲ့အမြဲတမ်းနေထိုင်ခွင့်(အေဂျူးဗီဇာ)လျောက်ထားတဲ့အခါမှာလဲကုမ္ပဏီမှ ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်။
Anime ၊ ဂိမ်း ၊ Idol ၊ ဂီတနှင့်ရုပ်ရှင် အစရှိသည့်ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုခွဲကိုထိတွေ့ဆက်ဆံနိိုင်သောအလုပ်ဖြစ်ပါတယ်။
သင့်ရဲ့အလုပ်လျောက်လွှာများကို ကျွန်ုပ်တို့ကုမ္ပဏီမှစောင့်မျှော်လျှက်ရှိပါသည်။
ခေါ်ယူနေသောအလုပ်အမျိုးအစားများ

ဂျပန်နိုင်ငံရဲ့ PRရရန်အတွက်ထောက်ပံ့မှုနှင့်ပတ်သတ်၍

ဂျပန်နိုင်ငံရဲ့ PRရရန်လျှောက်ထားမှုအတွက်ကုန်ကျစရိတ်ကိုကျခံပေးပါမည်။
ကုမ္ပဏီတွင်၅နှစ်နှင့်အထက်အလုပ်လုပ်တဲ့သူများအတွက် ဂျပန်နိုင်ငံရဲ့ PRလျှောက်ထားမှုအတွက်ကုန်ကျစရိတ်အကုန်လုံးကို ကုမ္ပဏီမှအကုန်ကျခံပေးပါမည်။
ကုမ္ပဏီရဲ့ထောက်ခံချက်စာ
ဂျပန်နိုင်ငံရဲ့ PRရယူရန်ဆန္ဒရှိသူများကို ကုမ္ပဏီကထောက်ခံကြောင်းထောက်ခံစာကိုထုတ်ပေးပါမည်။
  • PICK UP ဂျပန်စာသင်တန်း
    ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေထိုင်ရန်အတွက် အထောက်အကူဖြစ်စေမယ့် ဂျပန်စာသင်တန်းများကိုလဲ ဖွင့်လှစ်သင်ကြားပေလျက် ရှိပြီး ပထမကာလအဖြစ် ၅လတာအတွင်း ၁၅ကြိမ်သင်တန်းမှာ နေ့စဉ်သုံးနှင့် အလုပ်မှာ လိုအပ်တဲ့ဂျပန်ဘာသာစကားများကို သင်ယူတက်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်ဘာသာစာသင်တန်းကျောင်းများတွင် ဂျပန်စာကို တကယ်လက်တွေ့သင်ကြားပေးလျက်ရှိပြီး Shizuoka မြို့အပြည်ပြည်ဆိုင်ရာအသင်းရဲ့ တိုင်ပင်ဆွေးနွေးတာဝန်ခံလဲဖြစ်တဲ့ ဆရာကိုလဲ ဖိတ်ကြားပြီး စာတွေ့တစ်ခုတည်းမဟုတ်ပဲ တကယ့်လက်တွေ့ ဂျပန်စကားပြောလေကျင့်ခန်းများကိုလဲ လေ့ကျင့်ပေးလျက်ရှိပါတယ်။ ဂျပန်စာသင်တန်းများ ၊ စာအုပ်ဖိုးများကို ကုမ္ပဏီကတာဝန်ယူမှာဖြစ်တဲ့အတွက်ကြောင့် သင်ယူမဲ့သူတွေအနေဖြင့် အခမဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။ ယခုလက်ရှိသင်ယူလျက်ရှိတဲ့သူတွေလဲ သင်တန်းများကိုစိတ်ပါဝင်စားစွာပျော်ရွှင်စွာနဲ့သင်ယူလျက်ရှိပါတယ်။
  • PICK UP a-Too ရှိဇုအိုကအဆောင်
    a-Too ရဲ့ဝန်ထမ်းအဆောင်ဖွင့်လှစ်လိုက်ပါပြီ။ အရင်ကြိုပေးထားရသောအိမ်လခပေးစရာမလိုတဲ့အပြင်ခက်ခဲသောစာချုပ်လုပ်ထုံးလုပ်နည်းများကိုပြုလုပ်ဖို့မလိုပါဘူး။ ခန့်မှန်းခြေဂျပန်ဖျာ၈ချပ်စာအကျယ်အဝန်းအခန်းကသော့ပါ ရေချိုးခန်း, အိမ်သာ, စားပွဲ, အိပ်ယာ, အဲယားကွန်း, Tablet, အလုပ်သွားစက်ဘီး အပါအဝင်ရေမီး, ပရိဘောဂပစ္စည်းနှင့်လျှပ်စစ်အသုံးဆောင်ပစ္စည်းအပြည့်စုံရှိတဲ့အတွက်ချက်ချင်းဝင်ရောက်နေထိုင်နိုင်ပါတယ်။ ကိုယ်ပိုင်လွတ်လပ်စွာနေနိုင်သောအခန်းအပြင်ထမင်းစားခန်းအစရှိတဲ့အများသုံးနေရာကုမ္ပဏီတခုထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့အချင်းချင်းရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနိုင်ပါတယ်။လုံခြုံစိတ်ချရသောပတ်ဝန်းကျင်မှာ ကုမ္ပဏီဝန်ထမ်းရဲ့ဘဝကိုစတင်ပါ။
    အသေးစိတ်ကိုဒီမှာဆက်သွယ်ပါ
  • INTERVIEW မသီသီဆွေ အဖွဲ့ခေါင်းဆောင် အွန်လိုင်းအရောင်းအဝယ်ဌာန
    မြန်မာနိုင်ငံမှ ကွန်ပျူတာ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့အခါ ဂျပန်နိုင်ငံယဉ်ကျေးမှုနဲ့ စီးပွားရေးလုပ်ငန်းအကြောင်း လေ့လာသင်ယူဖို့ ဂျပန်နိုင်ငံကို လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာကတည်းက အဆင်ပြေလွယ်ကူလှတဲ့အွန်လိုင်းအရောငိးအဝယ်အလုပ်ကိုစိတ်ဝင်စားခဲ့ပြီး ကျောငိးပြီးတဲ့အချိန်မှာတော့ အွန်လိုင်းအရောငိးအဝယ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ a-Too ကိုရွေးချယ်ခဲ့ပါတယ်။အွန်လိုင်းအဝယ်ဌာနမှာ အလုပ်စဝင်ဖို့ တာဝန်ကျခဲ့ပြီး အစပိုင်းမှာတော့ နားမလည်တာတွေ အများကြီး ရှိတဲ့အတွက် အဆင်ပြေပါ့မလားဆိုပြီး အရမ်းစိုးရိမ်မိခဲ့ပါတယ်။ဒါပေမယ့် စီနီယာတွေက အလွန်သဘောကောင်းကြင်နာကြပြီးနားမလည်တာတွေကိုစိတ်ရှည်စွာသငိကြားပြသပေးတဲ့အတွက် အလုပ်အကြောင်းကိုတဖြည်းဖြည်း နားလည်လာခဲ့ပြီး နောက်ဆုံးမှာတော့ အလုပ်မှာ ကျင့်သားရလာခဲ့ပါတယ်။ လမ်းညွှန်သင်ကြားပြသပေးခဲ့တဲ့စီနီယာတွေကိုလဲ အခုအချိန်အထိ ရင်ထဲကနေ ကျေးဇူးတင်လျက်ရှိပါတယ်။ ကုမ္ပဏီတွင် တစ်နှစ်နှစ်ကြိမ် ဝန်ထမ်းများကိုစစ်တမ်းကောက်ပြုလုပ်သည့်အတွက် ကုမ္ပဏီအပေါ် မိမိရဲ့ထင်မြင်ချက်များ သဘောထားများကို ရှင်းလင်းစွာ ဖော်ပြ၍လဲရနိုင်ပါတယ်။ကုမ္ပဏီကိုဝင်ပြီးနောက် ၂နှစ်အကြာမှာ အဖွဲ့ခေါင်းဆောင်ရာထူး ခန့်အပ်ခြင်းခံရပါတယ်။ တစ်ခါတလေ ပင်ပန်းခက်ခဲတဲ့အချိန်တွေရှိပေမယ့်လည်း ကိုယ်စိတ်ဝင်စားပြီးစိတ်အားထက်သန်သောအလုပ်ဖြစ်လို့ တကယ်ပဲ စိတ်ကျေနပ်နှစ်သက်ပါတယ်။ ဘာမဆိုဆွေးနွေးတိုင်ပင်နိုင်တဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ Customerတွေကို စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုကိုပေးနိုင်အောင် ဆက်ပြီးကြိုးစားသွားမှာ ဖြစ်ပါတယ်။

ခေါ်ယူနေသောအလုပ်အမျိုးအစားများ