×
メインメニュー

ကိုယ်စားလှယ်ဒါရိုက်တာဥက္ကဌ၏
အမှာစာကား

「Customer ဦးစားပေးစနစ်」

ထိုစကားလုံးသည် a-Tooအဖွဲ့ရဲ့စီးပွားရေးအတွေးအခေါ်ဖြစ်ပါသည်။ "ကုမ္ပဏီသည်မည်သူ့များကြောင့်ရပ်တည်နေနိုင်ပါသလဲ?" ဒါသည်ကျွန်ုပ်နှင့်အခြားစီမံခန့်ခွဲသူများကြောင့်မဟုတ်ဘဲ"Customerများ၏အားပေးထောက်ခံမှုကိုရရှိနေသောကြောင့်"ဖြစ်ပါသည်။ ထို့အတွက်ကြောင့်Customerများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးလျက်ရှိနေခြင်းက, ကျွန်ုပ်တို့ကုမ္ပဏီကရပ်တည်နေနိုင်သောအကြောင်းအရင်းလို့ခံယူထားပါသည်။ ဒါဆို,Customerများ၏လိုအပ်ချက်, a-Tooအဖွဲ့ကလုပ်ဆောင်ပေးနိုင်သောအရာသည်ဘာဖြစ်ပါမလဲ? အဓိကစီးပွားရေးလုပ်ငန်းဖြစ်သောအင်တာနက်အရောင်းအဝယ်ဆိုဒ်Surugayaကို၁၉၉၈ခုနစ်နွေဦးတွင်တည်ထောင်ခဲ့စဉ်ကျွန်ုပ်ကစဉ်းစားခဲ့သောအရာကယခုမှစ၍အင်တာနက်ဖြင့်ပစ္စည်းများကိုရောင်းဝယ်ခြင်းများပြုလုပ်သောခေတ်ကိုရောက်ရှိလာလိမ့်မယ်, အဲ့ဒီအချိန်ရောက်ရင်ဆိုင်သို့မသွားလဲဘဲ ပစ္စည်းအမျိုးစုံလင်စွာကို ဘယ်နေရာတွင်နေသောသူမဆိုဈေးနှုန်းချိုသာစွာဖြင့်ပေးနိုင်မည်ဟုစဉ်းစားခဲ့ပါသည်။

Surugayaကိုစတင်ခါစကဂိမ်းများပဲကိုင်တွယ်ခဲ့ပေမဲ့, အထူးအဖြင့်Nintendo Famiconနှင့် SEGA-1000အစရှိသောထိုအချိန်ခါကာလကအလွန်အိုဟောင်းသောဂိမ်းများ, ဂိမ်းစက်များကိုကိုင်တွယ်ခြင်းမှာအားထည့်ခဲ့ပါသည်။ အထက်ပါအိုဟောင်းသောဂိမ်းစက်သည်အဲ့ဒီအချိန်တုံးကခေတ်စားနေသောPlaystation, SEGAအစရှိသောဂိမ်းစက်တွေနှင့်ယှဉ်ပါက, ရုပ်ပုံထွက်ကအားနည်းခဲ့ပေမဲ့လဲ အရင်တုန်းကကစားခဲ့ဖူးသောဂိမ်းများကိုနောက်ထပ်ကစားချင်တယ်, Playstationအစရှိသည့်ဂိမ်းများမှထွက်သောဂိမ်းများရဲ့မူလဂိမ်းကိုကစားကြည့်ချင်တယ် အစရှိသောတောင်းဆိုချက်များရှိလာမှာမမှားနိုင်ဘူးဆိုပြီးထင်ခဲ့ပါသည်။ ဂိမ်းခွေလဲပဲ စာအုပ်နှင့်အရုပ်တွေလိုပဲ ယဉ်ကျေးမှုတစ်ခုအဖြစ်ရှေးခေတ်ပစ္စည်းများကတန်ဖိုးထားရသောရှေးဟောင်းအရာလိုဘဲလက်ထဲထည့်ချင်တယ်ဆိုတဲ့လိုလားချက်တွေကပေါ်ပေါက်လာမယ်လို့ယုံကြည်ခဲ့ပါသည်။ ထိုအထဲမှCustomer၏လိုချင်သောပစ္စည်းအားလုံးကိုပြည့်စုံအောင်ထားရှိပြီး, အကြီးမားဆုံးပစ္စည်းများစုံလင်စွာရှိနေခြင်းကCustomerရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟုအတွေးသို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ဥပမာ"ယခင်ကရောင်းချခဲ့သောဂိမ်းအားလုံးကSurugayaတွင်ရနိုင်သည်" ဆိုသောSurugayaရဲ့ရည်မှန်းချက်ဖြစ်သည်။

ယခုအခါတွင်ကိုင်တွယ်နေသောကုန်ပစ္စည်းအမျိုးစားများလဲများပြားလာပြီး, ဂိမ်းတစ်ခုတည်းမဟုတ်ဘဲ ကွန်ပျူတာဂိမ်း, DVD,CDအစရှိသောဂီတ/ ရုပ်ရှင်, ကာတွန်း, ဓါတ်ပုံစာအုပ်အစရှိသောစာအုပ်မျိုးစုံ, ဒိုးဂျင်းရှိနှင့်ဒိုးဂျင်းဆော့ဖ်ဝဲ, ကတ်ဂိမ်းနှင့်အမျိုးမျိုးသောအရုပ်များ, အလှဆင်အရုပ်နှင့်ပလတ်စတစ်အရုပ်စသည့်ဝါသနာပစ္စည်းများ, စာရေးကိရိယာ/ဓါတ်ပုံ/ဖုန်းကဒ်အစရှိသောအသေးအဖွဲပစ္စည်းအမျိုးအစားများ, အရုပ်ပါမုန့်ကိုအားပြုထားသောမုန့်အမျိုးမျိုးအစရှိသောကုန်ပစ္စည်းများစွာကိုကိုင်တွယ်လျက်ရှိပါသည်။ ဥပမာအားဖြင့်ခါမန်းရိုက်ဒါ ခေါင်းစဉ်နှင့်ရိုက်ထားသောရုပ်ရှင်ဆိုရင်ဘဲ ကာတွန်းရှိပါကDVD,CD,ဂိမ်း, အလှဆင်အရုပ်, ရိုက်ဒါခါးပတ်, ကတ်ဂိမ်း, အောက်ခံရေးကဒ်ပြားအစရှိသောစာရေးကိရိယာ, အရုပ်ပါမုန့်အစရှိသောပစ္စည်းအမျိုးစုံလင်စွာရရှိနိုင်ပါသည်။ အထက်ပါပစ္စည်းများသည်အလွန်ပင်လူကြိုက်များလှပြီး ဒီလိုပစ္စည်းမျိုးလဲဘဲရှိပါလားဆိုပြီးထင်ရလောက်အောင်ထူးခြားသောပစ္စည်းများ, အိုဟောင်းသောပစ္စည်းများလဲရှိပါသည်။ ကျွန်ုပ်တို့ကအရင်ဆုံးစဉ်းစားသောအကြောင်းအရာသည် ဒီပစ္စည်းကလူကြိုက်များသည်မများသည်မဟုတ်ပါ။ အရင်ဆုံးအကုန်လုံးသောပစ္စည်းများကိုစုပေး၍ ထိုပစ္စည်းများရဲ့တန်ဖိုးကိုCustomerထံဆုံးဖြတ်ခံခြင်းဖြစ်ပါသည်။ Customer၏ဆုံးဖြတ်ချက်အထပ်ထပ်ကပစ္စည်းတန်ဖိုးကိုသတ်မှတ်ခြင်းဖြစ်ပါသည်။

အင်တာနက်ရဲ့အွန်လိုင်းအဝယ်လဲဘဲ
ပြန်လည်အသုံးပြုခြင်းလုပ်ငန်းများထဲတွင်ကျွန်ုပ်တို့ကုမ္ပဏီကပထမဆုံးစလုပ်ခဲ့သောဆာဗစ်ဖြစ်ပါသည်။

ဆိုင်သို့မသွားဘဲ ပေါ့ပါးစွာပစ္စည်းကိုရောင်းချနိုင်သောဆာဗစ်ကိုပေးခြင်းနှင့် ရှားပါးသောပစ္စည်းနှင့်ပတ်သတ်ရင်လဲမှန်ကန်သောပစ္စည်းအကဲဖြတ်မှုကိုလုပ်ဆောင်ပြီး နယ်ဒေသဆိုရင်လဲတိုကျိုအစရှိသောဆိုင်များနှင့်တူညီသောဈေးနှုန်းများဖြင့်ဝယ်ယူလျက်ရှိပါသည်။ဤသို့လုပ်ဆောင်ခြင်းကCustomerရဲ့အကျိုးမြတ်နှင့် ကုမ္ပဏီ၏အကြီးမားဆုံးပစ္စည်းစုံလင်စွာရှိမှုကိုအကောင်ထည်ဖော်နိုင်သည်ဟုစဉ်းစားခဲ့ပါသည်။

အားလုံးသောမူပိုင်ခွင့်ပစ္စည်း, အမျိုစုံလင်သောကလက်ကတာပစ္စည်းများနှင့်ပတ်သတ်လျှင် အကြီးမားဆုံးပစ္စည်းစုံလင်မှုနှင့် Customerထံဝယ်ယူခြင်းရဲ့ပျော်ရွှင်မှုကိုပေး၍ တစ်ကြိမ်ဝယ်ယူပြီးသောပစ္စည်းကမလိုအပ်ပါကလဲ ဝယ်ယူ၍ တခြားလိုအပ်သူထံပေးပို့ခြင်းကိုကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။ ၎င်းသည်a-Tooရဲ့စီးပွားရေးအတွေးအခေါ်ဖြစ်သည်။

ကိုယ်စားလှယ်ဒါရိုက်တာဥက္ကဌ
စုဂိရာမ စစ်နာ့ဂျူး