×
メインメニュー

Art Director(ဒီဇိုင်းဌာန မန်နေဂျာ )

ခေါ်ယူနေသောအလုပ်အမျိုးအစားများ
Art Director(ဒီဇိုင်းဌာန မန်နေဂျာ )
အလုပ်ခေါ်စုဆောင်းမှုနောက်ခံ
Surugaya(a-Tooကုမ္ပဏီ)သည် လုပ်ငန်းတိုးချဲ့တာနှင့်လိုက်၍ ကုမ္ပဏီတွင်းဒီဇိုင်းဌာနရဲ့ စီမံခန့်ခွဲရေးအလုပ်နေရာကိုခေါ်ယူပါမည်။
ဌာနရှိအဖွဲ့ဝင်တွေကိုထိန်းသိမ်းကွပ်ကဲမှုနှင့် Surugayaကိုယခုထက်ပို၍တိုးတက်လာစေရန်ပြုပြင်ပြောင်းလဲအကြုံပြုချက်ကိုတင်ပြခြင်းများကို တာဝန်ပေးခံရမှာဖြစ်ပါသည်။
နောက်ပြီး တိုကျိုရုံးတွင်း ဒီဇိုင်းဌာနကိုအသစ်ဖွဲ့စည်းမှာဖြစ်သဖြင့် အဖွဲ့စည်းစတင်လည်ပတ်တဲ့နေရာမှာအဖွဲ့ဝင်အဖြစ်ပါဝင်ရပါမည်။
ရှိထားသောအတွေ့အကြုံများကိုအသုံးချနိုင်ပြီး စိန်ခေါ်မှုရှိသောသူများကိုရဲ့ အလုပ်လျှောက်ထားခြင်းကိုစောင့်မျှော်နေပါသည်။
※ဂျပန်စာကိုအသုံးပြု၍အလုပ်လုပ်ကိုင်ရသောအလုပ်ဖြစ်ပါသည်။
အလုပ်အကြောင်း
■ဒီဇိုင်းဌာနရဲ့ စီမံခန့်ခွဲမှုအကုန်လုံးကိုလုပ်ကိုင်ရပါမည်။
・ဌာနရှိအဖွဲ့ဝင်တွေကိုထိန်းသိမ်းကွပ်ကဲမှု(အချိန်ဇယား, အရည်အသွေးစီမံခန့်ခွဲမှု, သင်ကြားပေးခြင်း)
・အသင်းတည်ဆောက်ခြင်း
・ကုမ္ပဏီ၏Brandနှင့်ပတ်သတ်၍သတင်းမြှင့်တင်ခြင်း
・အကျိုးသက်ရောက်မှု,ပြုပြင်ပြောင်းလဲမှုတင်ပြချက်
・အလုပ်ခန့်ခြင်းဆောင်ရွက်ချက်
・Customerအသစ်များကိုရှာဖွေခြင်း
လိုအပ်သောအရည်အချင်း/အတွေ့အကြုံ
■ ဒီဇိုင်းနာအတွေ့အကြုံ၁၅နှစ်နှင့်အထက်,(Graphics,Web) လက်တွေ့အ‌တွေ့အကြုံရှိ
・HTML・CSSကိုအသုံးပြုထားသောပရိုဂရမ်ဗဟုသုတ
・CMSနှင့်ပတ်သတ်သောဆိုဒ်တည်ဆောက်ပုံအတွေ့အကြုံ
・SEO/SEM
・JavaScript ,PHP အခြေခံဗဟုသုတ
・SNS တွင်အခကြေးငွေဖြင့်ကြော်ငြာသောကြော်ငြာရဲ့အခြေခံအတွေ့အကြုံ(Twitter,Facebook, YouTube စသဖြင့်)
・Google Analytics ဖြင့်ဆိုဒ်ကိုခွဲခြမ်းစိတ်ဖြာသောအတွေ့အကြုံ
・Illustrator, Photoshop ကိုအသုံးပြုဖူးသူ
■၁၀ယောက်နှင့်အထက်အဖွဲ့ခေါင်းဆောင်အတွေ့အကြုံရှိဖူးသူ
■ကုမ္ပဏီအတွင်း, ပြင်ပနှင့် Customerများနှင့်တွေ့ဆုံညှိနှိုင်းခြင်း
■လူကိုသင်ကြားပေးသောအတွေ့အကြုံရှိသူ
■နိုင်ငံခြားသားဆိုရင် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲN1အဆင့်ရှိသောသူ
ကြိုဆိုသောအရည်အချင်း/အတွေ့အကြုံ
■Art Directorအတွေ့အကြုံရှိသူ
■ကုမ္ပဏီ၏Brandသတင်းမြှင့်တင်ခြင်းနှင့်ပတ်သတ်၍အတွေ့အကြုံရှိသူ
■ECဆိုဒ်လည်ပတ်ရန်ဆောင်ရွက်မှုအတွေ့အကြုံ
■အင်တာဗျူးသောအတွေ့အကြုံရှိသူ
■စီမံခန့်ခွဲမှုရာထူး(အလုပ်မရွေး)အတွေ့အကြုံ
■အရောင်းမြှင့်တင်ရေးအတွေ့အကြုံ
ခေါ်ယူလိုသောလူ
■ကုမ္ပဏီစည်းကမ်းများကိုနားလည်ပြီး ရိုးသားကြိုးစားစွာလိုက်နာနိုင်သောသူ
■အမြဲပြသာနာအသိကိုလက်ဝယ်ထား၍ အိုင်ဒီယာကိုအကောင်ထည်ဖော်လိုစိတ်ရှိသောသူ
■ဈေးကွက်ကိုစစ်ပြီး သင့်တော်သောဆောင်ရွက်မှုများကိုတင်ပြနိုင်သူ
■ခေတ်ပေါ်ဒီဇိုင်းများကိုသုံးနိုင်ပြီး အသစ်သစ်သောအတတ်ပညာများကိုလဲလိုက်မှီနိုင်သောသူ
■အသင်းတည်ဆောက်ခြင်းနှင့်ပတ်သတ်ပြီးရိုးသားကြိုးစားစွာအတူလုပ်ကိုင်နိုင်သူ
■ကိုယ်တိုင်လက်ဖြင့်ပရိုဂျက်ကိုအောင်မြင်ပြီးဆုံအောင်လုပ်ကိုင်နိုင်သူ
■နူးညံ့ပျော့ပြောင်းသောအတွေးအမြင်ရှိသူ
လစာ
လစဉ်လစာ460,000ယန်းအထက်(အလုပ်ကိုင်,ရာထူးလစာအပါအဝင်)
※အတွေ့အကြုံပေါ်မူတည်၍လစာစဉ်းစားပေးမည်။
※အဆင့်အလိုက်အချိန်ပိုခပါဝင်သောလစာဖြစ်ပါသည်။
※အစမ်းခန့်ကာလ၆လတွင်လဲ၄၆၀,၀၀၀ယန်းနှင့်အထက်(အစမ်းခန့်ကာလပြီးဆုံးပြီးနောက် ကုမ္ပဏီရဲ့သတ်မှတ်ချက်နှင့်အညီလစာကိုသတ်မှတ်ပါမည်)
အလုပ်လုပ်ကိုင်ရမည့်ဒေသ
ဟိနောဒဲချောရုံးခန်း :ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် ဟိနောဒဲချော ၉-၁၀
တိုကျိုရုံးခွဲ: စာတိုက်၁၀၁-၀၀၂၅ တိုကျိုမြို့ ချိအိုဒါရပ်ကွက် ခန်ဒါစခုမ ၁-၂၆ အာခိဟဘာရမူရအိတိုက် ၃လွှာ
※တိုကျိုရုံးခွဲဌာနတည်ထောက်မှုနဲ့လိုက်၍ ကုမ္ပဏီ၏ညွှန်ကြားချက်ဖြင့်တိုကျို,ရှိဇူအိုက များတွင်အလုပ်လုပ်ရပါမည်။
အလုပ်ချိန်
၉နာရီ~၁၈နာရီ(အလုပ်နားချိန်၁နာရီ)
ခံစားခွင့်
အချိန်ပိုလုပ်အားခ(ကုမ္ပဏီသတ်မှတ်နှင့်လိုက်၍)
ညနက်ပိုင်းဆင်းလုပ်အားခ
အသွားအပြန်စရိတ်(ကန့်သတ်ချက်ယန်း၂၅,၀၀၀အထိထောက်ပံ့ပေးခြင်း)
အိမ်ယာစရိတ်
ကလေးစရိတ်
ရာထူးတိုးခြင်း
၄လတစ်ခါအရည်အချင်းစစ်ကာလနှင့်လိုက်၍လခကိုသတ်မှတ်ပါသည်
အပိုဆုကြေး
တစ််နှစ်ကို၂ကြိမ်ဘောနပ်စ်ပေးဖို့ရည်ရွယ်ထားပါသည်(အရည်ချင်းနှင့်လိုက်၍)
ကျန်းမာရေးအာမခံ
အာမခံ(အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ)
အခြားခံစားခွင့်များ
မင်္ဂလာဆောင်ဂုဏ်ပြုကြေးငွေ၊ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုကြေးငွေ၊ ကျန်းမာရေးစစ်ဆေးမှု
အလုပ်ပိတ်ရက်
တစ်နှစ်ပိတ်ရက်၁၁၀ရက်, နှစ်စဉ်ပိတ်ရက်လစာခံစားခွင့် ,ကလေးမမွေးဖွားမှီနှင့်မွေးဖွားပြီးချိန်နားရက်, ကလေးပြုစုထိန်းကျောင်းရန်နားရက်
အလုပ််လျှောက်ရန်နည်းလမ်း
အင်တာဗျူး
လျှောက်လွှာတင်ရန်
အလုပ်လျှောက်လွှာ(ဓါတ်ပုံကပ်ရန်လို)
စီစစ်ခြင်းအကြောင်းအရာ
  • စာရွက်စာတမ်းစီစစ်ခြင်း
  • ကုမ္ပဏီရှင်းလင်းပွဲအွန်လိုင်းဖြင့်
  • အင်တာဗျူးလိုအပ်ချိန် ၃၀မိနစ်~၁နာရီအတွင်း
    ယခုခေတ်အခြေအနေကိုလိုက်၍အွန်လိုင်းအင်တာဗျူးကိုအဓိကထားပြီးပြုလုပ်လျက်ရှိပါသည်။
  • အလုပ်ခန့်အပ်ခြင်း
    ※အလုပ်လျောက်ချိန်မှအလုပ်ရချိန်အထိ(အမြန်ဆုံးဆိုရင်)၂ပတ်အချိန်အတောအတွင်း
အလုပ်သင်နှင့်ပတ်သတ်၍
ရုံးချုပ်ရှိသောရှိဇူအိုကတွင်၆လတာအလုပ်သင်ကာလရှိပါသည်။ အလုပ်သင်ကာလတွင်နေထိုင်ဖို့နေရာကကုမ္ပဏီရဲ့အဆောင်မှာနေထိုင်နိုင်မှာဖြစ်ပြီး အဆောင်ခပေးစရာမလိုပါ။

အလုပ်လျှောက်ပြီးချိန်အကြောင်းကြားခြင်း
အလုပ်လျှောက်ထားသူအကုန်လုံးထံသို့ ၃ရက်အတွင်းအကြောင်းကြားပါမည်။
လျှောက်ထားသူများပါက, အကြောင်းကြားခြင်းက နောက်ကျနိုင်ပါသည်။
အလုပ််လျှောက်ရန်နည်းလမ်း
ဝင်ခွင့်ပုံစံတွင်လိုအပ်သောအချက်အလက်များကိုဖြည့်သွင်း၍ ဝင်ရောက်ပါရန်။
သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်

ဆက်သွယ်ရန်လိပ်စာ
a-Tooကုမ္ပဏီ TEL:054-333-9133
၁၀နာရီမှ၂၀နာရီအထိလက်ခံဖြေကြားပေးလျက်ရှိပါသည်။