×
メインメニュー

ဆော့ဝဲအင်ဂျင်နီယာ(ဘာသာစကားနှစ်ခုထက်ပိုရသော)

ခေါ်ယူနေသောအလုပ်အမျိုးအစားများ
ဆော့ဝဲအင်ဂျင်နီယာ(ဘာသာစကားနှစ်ခုထက်ပိုရသော)
အလုပ်အကြောင်း
ကုမ္ပဏီရဲ့စစ်စတမ်ဌာနရဲ့အဖွဲ့ဝင်တွေ, အခြားဌာနရဲ့အသုံးပြုသူတွေရဲ့စစ်စတမ်လိုအပ်ချက်များကိုဗီယက်နမ်မှာရှိသောအောဖုရှိုးအသင်းနဲ့ဆက်သွယ်ပြီးတဆင့်ပြောကြားပေးကာကုမ္ပဏီရဲ့စစ်စတမ်လိုအပ်ချက်များကိုဆောင်ရွက်ပေးခြင်းတို့ကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။စစ်စတမ်အတွက်လိုအပ်သောအချက်အလက်များကိုပြုလုပ်ခြင်း, စစ်စတမ်အစမ်းလည်ပတ်ခြင်းတွေလုပ်တဲ့အခါမှာလဲကူညီပေးရမှာဖြစ်ပါတယ်။
ဖြည့်စွက်ချက်
ဆော့ဝဲအင်ဂျင်နီယာ(ဘာသာစကားနှစ်ခုထက်ပိုရသော) ဟာဂျပန်မှာရှိသောစစ်စတမ်အဖွဲ့နှင့်အောဖုရှိုးအဖွဲ့ရဲ့ကြားထဲကဆက်သွယ်လုပ်ဆောင်ရသောအရေးကြီးသောအလုပ်ဖြစ်ပါတယ်။ စစ်စတမ်တီထွင်ခြင်းနှင့်ရည်မှန်းချက်လုပ်ငန်းများကိုသေချာနားလည်ပြီးအောဖုရှိုးအဖွဲ့ကိုနားလည်အောင်ရှင်းလင်းပြောပြနိုင်ရပါမယ်။ ထို့အပြင် အောဖုရှိုးအဖွဲ့ကပြောသောအဖြေမေးခွန်းများကိုလဲနားလည်ပြီးဂျပန်မှာရှိသောစစ်စတမ်အဖွဲ့ကိုမှန်ကန်အောင်ပြောပြနိုင်ရမယ်။ အရည်အချင်းစွမ်းရည်နှင့်လိုက်ပြီးအကဲဖြတ်မှာဖြစ်ပါတယ်။(အငယ်တန်းကနေအကြီးတန်းအဆင့်အထိ)
‌အလုပ်လျောက်ရန်လိုအပ်ချက်များ
မေးလ်, မိုက်ခရိုဆော့ဝက်, အိတ်ကဇယ် အစရှိတဲ့ရုံးသုံးဆော့ဝဲများကိုအသုံးပြုဖူးသူ
ဗီယက်နမ်စကားကိုကျွမ်းကျင်စွာပြောဆိုနိုင်သူ, ဂျပန်စကားအဆင့်၂ လောက်ရှိသူ
ကြိုဆိုသောအရည်အချင်း/အတွေ့အကြုံ
ဂျပန်ဘာသာပြန်, စကားပြန်, အောဖုရှိုးပရိုဂျက်မှာပါဝင်ဖူးသူ, စစ်စတမ်တီထွင်မှုအတွေ့အကြုံရှိသူ(PHP, Java, Postgresql, Mysql, အမေဇုန်ဝက်ဘ်ဆားဗစ်အကုန်)
ခေါ်ယူလိုသောလူ
အလုပ်လုပ်တဲ့အခါသွက်လက်ပြီးနားမလည်သောအရာများ, သံသယများကိုမကြောက်မရွံ့ပဲမေးနိုင်ပြောနိုင်သောသူ
လစာ
လစဉ်လစာ260,000ယန်း~450,000ယန်း
(၄၅နာရီအချိန်ပိုကြေး,အချိန်ပိုခ,ဆာတီဖီကိတ်လက်မှတ်နှင့်လုပ်ငန်းတာဝန်ခံခအပါအဝင် )
ခေါ်ယူလိုသောအရေအတွက်
1ယောက်
အလုပ်လုပ်ကိုင်ရမည့်ဒေသ
ဟိနောဒဲချောရုံးခန်း :ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် ဟိနောဒဲချော ၉-၁၀
တိုကျိုရုံးခွဲ: စာတိုက်၁၀၁-၀၀၂၅ တိုကျိုမြို့ ချိအိုဒါရပ်ကွက် ခန်ဒါစခုမ ၁-၂၆ အာခိဟဘာရမူရအိတိုက် ၃လွှာ
အလုပ်ချိန်
၉နာရီ〜၁၈နာရီ
ခံစားခွင့်
အချိန်ပိုလုပ်အားခ
ညနက်ပိုင်းဆင်းလုပ်အားခ
အသွားအပြန်စရိတ်(ကန့်သတ်ချက်ယန်း၂၅,၀၀၀အထိထောက်ပံ့ပေးခြင်း)
အိမ်ယာစရိတ်
ကလေးစရိတ်
ကျန်းမာရေးအာမခံ
အာမခံ(အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ)
အခြားခံစားခွင့်များ
မင်္ဂလာဆောင်ဂုဏ်ပြုကြေးငွေ၊ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုကြေးငွေ၊ ကျန်းမာရေးစစ်ဆေးမှု
‌အလုပ်လျောက်ထားရန်နည်းလမ်း
ဝင်ခွင့်ပုံစံမှာလိုအပ်သောဖြည့်စွက်မှုတွေပြုလုပ်ပြီးဝင်ခွင့်လျောက်ရန် သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်
စီစစ်ခြင်းအကြောင်းအရာ
  • စာရွက်စာတမ်းစီစစ်ခြင်း
  • ကုမ္ပဏီရှင်းလင်းပွဲအွန်လိုင်းဖြင့်
  • အင်တာဗျူးလိုအပ်ချိန် ၃၀မိနစ်~၁နာရီအတွင်း
    ယခုခေတ်အခြေအနေကိုလိုက်၍အွန်လိုင်းအင်တာဗျူးကိုအဓိကထားပြီးပြုလုပ်လျက်ရှိပါသည်။
  • အလုပ်ခန့်အပ်ခြင်း
    ※အလုပ်လျောက်ချိန်မှအလုပ်ရချိန်အထိ(အမြန်ဆုံးဆိုရင်)၂ပတ်အချိန်အတောအတွင်း

အလုပ်လျှောက်ပြီးချိန်အကြောင်းကြားခြင်း
အလုပ်လျှောက်ထားသူအကုန်လုံးထံသို့ ၃ရက်အတွင်းအကြောင်းကြားပါမည်။
လျှောက်ထားသူများပါက, အကြောင်းကြားခြင်းက နောက်ကျနိုင်ပါသည်။
အလုပ််လျှောက်ရန်နည်းလမ်း
ဝင်ခွင့်ပုံစံတွင်လိုအပ်သောအချက်အလက်များကိုဖြည့်သွင်း၍ ဝင်ရောက်ပါရန်။
သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်

ဆက်သွယ်ရန်လိပ်စာ
a-Tooကုမ္ပဏီ TEL054-333-9133
၁၀နာရီမှ၂၀နာရီအထိလက်ခံဖြေကြားပေးလျက်ရှိပါသည်။