×
メインメニュー

အွန်လိုင်းဆိုင်ရဲ့လည်ပတ်မှုဆိုင်ရာတာဝန်ခံ

ခေါ်ယူနေသောအလုပ်အမျိုးအစားများ
အွန်လိုင်းဆိုင်ရဲ့လည်ပတ်မှုဆိုင်ရာတာဝန်ခံ
အလုပ်အကြောင်း
အဓိကလုပ်ဆောင်ရမည့်အလုပ်သည် ကုမ္ပဏီရဲ့အင်တာနက်ဆိုဒ်"Surugaya" ရဲ့ကုန်ပစ္စည်းလက်ကျန်ထိန်းသိမ်းမှုဖြစ်ပါသည်။
အရောင်းမြှင့်တင်ရန်အတွက်အပြင်အဆင်, စာလုံးရှာဖွေမှုအချက်အလက်သတ်မှတ်မှုအစရှိသည်များကိုပြုလုပ်ပေးရမှာဖြစ်ပါသည်။
အခြားအပြင် ရခုတန်း, ရဟူးဈေးဝယ်စင်တာအစရှိသောစင်တာများသို့ပစ္စည်းရောင်းတင်ခြင်း, အသုံးပြုနှုံးအရေတွက်ကိုတွက်ချက်ခြင်း, လစဉ်PVအစီရင်ခံစာများကိုရေးဆွဲခြင်း, ကုမ္ပဏီရဲ့ကြော်ငြာများကိုကိုင်တွယ်ဆောင်ရွက်ခြင်းများကိုပြုလုပ်ရပါမည်။
လိုအပ်သောအရည်အချင်း/အတွေ့အကြုံ
စာရင်းကိုင်ဆော့ဖ်ဝဲ
PC အခြေခံ
ကြိုဆိုသောအရည်အချင်း/အတွေ့အကြုံ
ခွဲခြမ်းစိတ်ဖြာအပါလီရဲ့အခြေခံအသိပညာ(Google Analytics・Google Search Console・SNS စိတ်ဖြာခြင်းအစရှိသည့်)
Google စပရက်တိုအတွေ့အကြုံ
အခြားအဝယ်ဌာန APIနှင့်ပတ်သတ်သောအတွေ့အကြုံ
HTMLအခြေခံအသိပညာ
ဆက်သွယ်ရေးကျွမ်းကျင်မှု
စီမံအုပ်ချုပ်ရေးဆိုင်ရာအတွေ့အကြုံ
ခေါ်ယူလိုသောလူ
တက်ကြွပြီးရှေ့သိုတက်လှမ်းချင်စိတ်ရှိ၍ တာဝန်ယူစိတ်ဖြင့်အလုပ်ကိုလုပ်နိုင်သောသူ
အမြဲပြသာနာအသိကိုလက်ဝယ်ထား၍ အိုင်ဒီယာကိုအကောင်ထည်ဖော်လိုစိတ်ရှိသောသူ
ကုမ္ပဏီစည်းကမ်းများကိုနားလည်ပြီး ရိုးသားကြိုးစားစွာလိုက်နာနိုင်သောသူ
လစာ
တစ်လလစာ၁၇၈,၀၀၀၀ယန်း ~ ၃၅၀,၀၀၀ယန်း
※အတွေ့အကြုံပေါ်မူတည်၍လစာစဉ်းစားပေးမည်။
※အဆင့်အလိုက်အချိန်ပိုခပါဝင်သောလစာဖြစ်ပါသည်။
※အခြားရာထူးအဆင့်လစာရှိ
※အလုပ်သင်ကာ၆လတာတွင်တလစာ၁၇၈,၀၀၀ယန်း(အလုပ်သင်ကာလပြီးဆုံးချိန်မှစ၍ကုမ္ပဏီရဲ့သတ်မှတ်ချက်အတိုင်းလစာကိုသတ်မှတ်ပါမည်)
ခေါ်ယူလိုသောအရေအတွက်
လူအရေအတွက်အနည်းငယ်
အလုပ်လုပ်ကိုင်ရမည့်ဒေသ
ဟိနောဒဲချောရုံးခန်း :ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် ဟိနောဒဲချော ၉-၁၀
အလုပ်ချိန်
၉နာရီ~၁၈နာရီ(အလုပ်နားချိန်၁နာရီ)
ခံစားခွင့်
အချိန်ပိုလုပ်အားခ(ကုမ္ပဏီသတ်မှတ်နှင့်လိုက်၍)
ညနက်ပိုင်းဆင်းလုပ်အားခ
အသွားအပြန်စရိတ်(ကန့်သတ်ချက်ယန်း၂၅,၀၀၀အထိထောက်ပံ့ပေးခြင်း)
အိမ်ယာစရိတ်
ကလေးစရိတ်
ရာထူးတိုးခြင်း
၄လတစ်ခါအရည်အချင်းစစ်ကာလနှင့်လိုက်၍လခကိုသတ်မှတ်ပါသည်
အပိုဆုကြေး
တစ််နှစ်ကို၂ကြိမ်ဘောနပ်စ်ပေးဖို့ရည်ရွယ်ထားပါသည်(အရည်ချင်းနှင့်လိုက်၍)
ကျန်းမာရေးအာမခံ
အာမခံ(အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ)
အခြားခံစားခွင့်များ
မင်္ဂလာဆောင်ဂုဏ်ပြုကြေးငွေ၊ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုကြေးငွေ၊ ကျန်းမာရေးစစ်ဆေးမှု
အလုပ်ပိတ်ရက်
တပတ်၂ရက်ပိတ်ရက်(တစ်လကို၈ရက်~ ၉ရက် ပိတ်ရက်), တစ်နှစ်ကိုပိတ်ရက်၁၁၀ရက်, နှစ်စဉ်ပိတ်ရက်လစာခံစားခွင့်ရက်, ကလေးမမွေးဖွားမီနှင့်မွေးဖွားပြီးခွင့်ရက်, ကလေးထိန်းခွင့်
စီစစ်ခြင်းအကြောင်းအရာ
  • စာရွက်စာတမ်းစီစစ်ခြင်း
  • ကုမ္ပဏီရှင်းလင်းပွဲအွန်လိုင်းဖြင့်
  • အင်တာဗျူးလိုအပ်ချိန် ၃၀မိနစ်~၁နာရီအတွင်း
    ယခုခေတ်အခြေအနေကိုလိုက်၍အွန်လိုင်းအင်တာဗျူးကိုအဓိကထားပြီးပြုလုပ်လျက်ရှိပါသည်။
  • အလုပ်ခန့်အပ်ခြင်း
    ※အလုပ်လျောက်ချိန်မှအလုပ်ရချိန်အထိ(အမြန်ဆုံးဆိုရင်)၂ပတ်အချိန်အတောအတွင်း
အလုပ်သင်နှင့်ပတ်သတ်၍
၆လတာအလုပ်သင်ကာလရှိပါသည်။

အလုပ်လျှောက်ပြီးချိန်အကြောင်းကြားခြင်း
အလုပ်လျှောက်ထားသူအကုန်လုံးထံသို့ ၃ရက်အတွင်းအကြောင်းကြားပါမည်။
လျှောက်ထားသူများပါက, အကြောင်းကြားခြင်းက နောက်ကျနိုင်ပါသည်။
အလုပ််လျှောက်ရန်နည်းလမ်း
ဝင်ခွင့်ပုံစံတွင်လိုအပ်သောအချက်အလက်များကိုဖြည့်သွင်း၍ ဝင်ရောက်ပါရန်။
သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်

ဆက်သွယ်ရန်လိပ်စာ
a-Tooကုမ္ပဏီ TEL:054-333-9133
၁၀နာရီမှ၂၀နာရီအထိလက်ခံဖြေကြားပေးလျက်ရှိပါသည်။