×
メインメニュー

Cloud POSစစ်စတမ်ကိုတာဝန်ယူရသောအဖွဲ့ကွန်ပျူတာစစ်စတမ်အင်ဂျင်နီယာ(အလယ်တန်းကနေအကြီးတန်းအဆင့်)

ခေါ်ယူနေသောအလုပ်အမျိုးအစားများ
Cloud POSစစ်စတမ်ကိုတာဝန်ယူရသောအဖွဲ့ကွန်ပျူတာစစ်စတမ်အင်ဂျင်နီယာ(အလယ်တန်းကနေအကြီးတန်းအဆင့်)
အလုပ်အကြောင်း
ကုမ္ပဏီရဲ့ဆိုင်အတွက်POSစစ်စတမ်(Surugaya Cloud POSစစ်စတမ်)ကိုတီထွင်တဲ့အဖွဲ့ဖြစ်ပါတယ်။ Java, VB, NET, အမေဇုန်ဝက်ဘ်ဆားဗစ်, Mysql, Oracle တို့ကိုအဓိကအသုံးပြုရသောစစ်စတမ်ကိုတည်ဆောက်လည်ပတ်ပေးရမှာဖြစ်ပြီးနောက်ပိုင်းမှာဂရိတ်စီမံခန့်ခွဲမှု, Surugayaနှင့်ဆက်နွယ်သောပွိုင့်စစ်စတမ်, စျေးကွက်စစ်စတမ်တွေနှင့်ပတ်သတ်မှုများကိုလဲလုပ်ဆောင်ဖို့ရည်ရွယ်ထားပါတယ်။
ဖြည့်စွက်ချက်
စစ်စတမ်အင်ဂျင်နီယာအလုပ်(အငယ်တန်းကနေအကြီးတန်းအဆင့်)ဟာကုမ္ပဏီအတွင်းရှိ(ဆိုင်, အရောင်းမြှင့်တင်ရေးဌာန, ပစ္စည်းစာရင်းဌာန, စာရင်းကိုင်ဌာနအစရှိတဲ့)ဌာနတွေရဲ့လိုအပ်ချက်တွေကိုစုစည်းကာဗီယက်နမ်မှာရှိသောအောဖုရှိုးအဖွဲ့နှင့်ပူးပေါင်းပြီးစစ်စတမ်တီထွင်တာကနေလည်ပတ်မှု, ပရိုဂျက်ကိုစီမံခန့်ခွဲမှုတွေကိုတာဝန်ယူရပါမယ်။
အလုပ်လျောက်ရန်လိုအပ်ချက်များ
လုပ်ငန်းစစ်စတမ်တွေကိုပြုလုပ်ဖူးသူ(SQL, POSစစ်စတမ်အတွေ့အကြုံ၃နှစ်အထက်)
ကြိုဆိုသောအရည်အချင်း/အတွေ့အကြုံ
Java, VB.NET, Oracle, Mysql, အမေဇုန်ဝက်ဘ်ဆားဗစ်, Linux, DBအင်ဂျင်နီယာအတွေ့အကြုံ, အိုင်တီဆားဗစ်အတွေ့အကြုံ, အိုင်တီစနစ်လည်ပတ်မှုစီမံခန့်ခွဲတည်ဆောက်ခြင်း, ပရိုဂျက်မန်နေဂျာ, ဆော့ဝဲအင်ဂျင်နီယာ, အောဖုရှိုးပရိုဂျက်, POSစစ်စတမ်, ပွိုင့်စစ်စတမ်အတွေ့အကြုံ
ခေါ်ယူလိုသောလူ
POSစစ်စတမ်တီထွင်ခြင်းကိုပုံဖော်နိုင်သောသူ, ၂၄နာရီကွန်ဗီနီယန့်စတိုးတွေရဲ့POSစစ်စတမ်ကိုစိတ်ဝင်စားသူ
လစာ
လစဉ်လစာ310,000ယန်း~450,000ယန်း
(အချိန်ပိုကြေး45နာရီ,အချိန်ပိုခ,ဆာတီဖီကိတ်လက်မှတ်နှင့်လုပ်ငန်းတာဝန်ခံခအပါအဝင် )
ခေါ်ယူလိုသောအရေအတွက်
1ယောက်
အလုပ်လုပ်ကိုင်ရမည့်ဒေသ
ဟိနောဒဲချောရုံးခန်း :ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် ဟိနောဒဲချော ၉-၁၀
တိုကျိုရုံးခွဲ: စာတိုက်၁၀၁-၀၀၂၅ တိုကျိုမြို့ ချိအိုဒါရပ်ကွက် ခန်ဒါစခုမ ၁-၂၆ အာခိဟဘာရမူရအိတိုက် ၃လွှာ
အလုပ်ချိန်
9:00~18:00
ခံစားခွင့်
အချိန်ပိုလုပ်အားခ
ညနက်ပိုင်းဆင်းလုပ်အားခ
အသွားအပြန်စရိတ်(ကန့်သတ်ချက်ယန်း၂၅,၀၀၀အထိထောက်ပံ့ပေးခြင်း)
အိမ်ယာစရိတ်
ကလေးစရိတ်
ကျန်းမာရေးအာမခံ
အာမခံ(အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ)
အခြားခံစားခွင့်များ
မင်္ဂလာဆောင်ဂုဏ်ပြုကြေးငွေ၊ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုကြေးငွေ၊ ကျန်းမာရေးစစ်ဆေးမှု
စီစစ်ခြင်းအကြောင်းအရာ
  • စာရွက်စာတမ်းစီစစ်ခြင်း
  • ကုမ္ပဏီအကြောင်းရှင်းလင်းခြင်းအွန်လိုင်းဖြင့်
  • အင်တာဗျူးလိုအပ်ချိန် ၃၀မိနစ်~၁နာရီအတွင်း
    ယခုခေတ်အခြေအနေကိုလိုက်၍အွန်လိုင်းအင်တာဗျူးကိုအဓိကထားပြီးပြုလုပ်လျက်ရှိပါသည်။
  • အလုပ်ခန့်အပ်ခြင်း
    ※အလုပ်လျောက်ချိန်မှအလုပ်ရချိန်အထိ(အမြန်ဆုံးဆိုရင်)၂ပတ်အချိန်အတောအတွင်း
အလုပ်လျှောက်ပြီးချိန်အကြောင်းကြားခြင်း
အလုပ်လျှောက်ထားသူအကုန်လုံးထံသို့ ၃ရက်အတွင်းအကြောင်းကြားပါမည်။
လျှောက်ထားသူများပါက, အကြောင်းကြားခြင်းက နောက်ကျနိုင်ပါသည်။
အလုပ််လျှောက်ရန်နည်းလမ်း
ဝင်ခွင့်ပုံစံတွင်လိုအပ်သောအချက်အလက်များကိုဖြည့်သွင်း၍ ဝင်ရောက်ပါရန်။
သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်

ဆက်သွယ်စုံစမ်းရန်
a-Too ကုမ္ပဏီ TEL:054-333-9133
၁၀နာရီမှ၂၀နာရီအထိလက်ခံဖြေကြားပေးလျက်ရှိပါသည်။