×
メインメニュー

ပစ္စည်းစာရင်းဌာနရဲ့စစ်စတမ်ကိုကိုတာဝန်ယူရသောအဖွဲ့ပရိုဂရမ်မာရေးသူ

ခေါ်ယူနေသောအလုပ်အမျိုးအစားများ
ပစ္စည်းစာရင်းဌာနရဲ့စစ်စတမ်ကိုကိုတာဝန်ယူရသောအဖွဲ့ပရိုဂရမ်မာရေးသူ
အလုပ်အကြောင်း
ကုမ္ပဏီရဲ့အရေးကြီးသောပစ္စည်းစာရင်းဌာနရဲ့အလုပ်ကိုထောက်ပံ့ပေးသောစစ်စတမ်အလုပ်ဖြစ်ပါတယ်။ မူလဒေတာတွေကိုပြုလုပ်ခြင်း, ရောင်းအားခွဲခြမ်းစိတ်ဖြာမှုတွေကိုပြုလုပ်ဖို့အတွက်Javaကိုအသုံးပြုသောဝက်ဘ်အပရီကေရှင်းရဲ့တည်ဆောက်လည်ပတ်ပုံများကိုလုပ်ဆောင်ပေးရသောအလုပ်အပြင်Postgresql, Mysql, OracleအစရှိသောDBနှင့်ပတ်သတ်သောအလုပ်များကိုလဲလုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဖြည့်စွက်ချက်
ပရိုဂရမ်မာအလုပ်အနေဖြင့်ပစ္စည်းစာရင်းဌာနနှင့်အတူပူးပေါင်းကာအသေးစားမှအလတ်စားလုပ်ငန်းတွေကိုထောက်ပံ့ပေးသောtoolကိုတည်ဆောက်ပြီးတီထွင်တဲ့အထိတာဝန်ယူရမှာဖြစ်ပါတယ်။ အရည်အချင်းစွမ်းရည်နှင့်လိုက်ပြီးအကဲဖြတ်မှာဖြစ်ပါတယ်။(အငယ်တန်းကနေအကြီးတန်းအဆင့်အထိ)
‌အလုပ်လျောက်ရန်လိုအပ်ချက်များ
ဝက်ဘ်အပရီကေရှင်းနှင့်လုပ်ငန်းစစ်စတမ်တွေကိုပြုလုပ်ဖူးသူ(Java, SQLကို၃နှစ်အထက်)
ကြိုဆိုသောအရည်အချင်း/အတွေ့အကြုံ
ပရိုဂျက်မန်နေဂျာ, ဆော့ဝဲအင်ဂျင်နီယာအတွေ့အကြုံ, DBအင်ဂျင်နီယာအတွေ့အကြုံ, AngularJS, SpringBoot ,Oracle, Postgresql, Mysql, စစ်စတမ်အကြီးကြီးတွေတည်ဆောက်သောအတွေ့အကြုံရှိသူ
ခေါ်ယူလိုသောလူ
ပစ္စည်းစာရင်းဌာနရဲ့အလုပ်ကိုပိုမိုကောင်းမွန်လာအောင်အကြံပေးနိုင်သောသူ
လစာ
လစဉ်လစာ240,000ယန်း~300,000ယန်း
(အချိန်ပိုကြေး45နာရီ,အချိန်ပိုခ,ဆာတီဖီကိတ်လက်မှတ်နှင့်လုပ်ငန်းတာဝန်ခံခအပါအဝင် )
ခေါ်ယူလိုသောအရေအတွက်
1ယောက်
အလုပ်လုပ်ကိုင်ရမည့်ဒေသ
ဟိနောဒဲချောရုံးခန်း :ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် ဟိနောဒဲချော ၉-၁၀
တိုကျိုရုံးခွဲ: စာတိုက်၁၀၁-၀၀၂၅ တိုကျိုမြို့ ချိအိုဒါရပ်ကွက် ခန်ဒါစခုမ ၁-၂၆ အာခိဟဘာရမူရအိတိုက် ၃လွှာ
အလုပ်ချိန်
9:00~18:00
ခံစားခွင့်
အချိန်ပိုလုပ်အားခ
ညနက်ပိုင်းဆင်းလုပ်အားခ
အသွားအပြန်စရိတ်(ကန့်သတ်ချက်ယန်း၂၅,၀၀၀အထိထောက်ပံ့ပေးခြင်း)
အိမ်ယာစရိတ်
ကလေးစရိတ်
ကျန်းမာရေးအာမခံ
အာမခံ(အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ)
အခြားခံစားခွင့်များ
မင်္ဂလာဆောင်ဂုဏ်ပြုကြေးငွေ၊ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုကြေးငွေ၊ ကျန်းမာရေးစစ်ဆေးမှု
စီစစ်ခြင်းအကြောင်းအရာ
  • စာရွက်စာတမ်းစီစစ်ခြင်း
  • ကုမ္ပဏီအကြောင်းရှင်းလင်းခြင်းအွန်လိုင်းဖြင့်
  • အင်တာဗျူးလိုအပ်ချိန် ၃၀မိနစ်~၁နာရီအတွင်း
    ယခုခေတ်အခြေအနေကိုလိုက်၍အွန်လိုင်းအင်တာဗျူးကိုအဓိကထားပြီးပြုလုပ်လျက်ရှိပါသည်။
  • အလုပ်ခန့်အပ်ခြင်း
    ※အလုပ်လျောက်ချိန်မှအလုပ်ရချိန်အထိ(အမြန်ဆုံးဆိုရင်)၂ပတ်အချိန်အတောအတွင်း
အလုပ်လျှောက်ပြီးချိန်အကြောင်းကြားခြင်း
အလုပ်လျှောက်ထားသူအကုန်လုံးထံသို့ ၃ရက်အတွင်းအကြောင်းကြားပါမည်။
လျှောက်ထားသူများပါက, အကြောင်းကြားခြင်းက နောက်ကျနိုင်ပါသည်။
အလုပ််လျှောက်ရန်နည်းလမ်း
ဝင်ခွင့်ပုံစံတွင်လိုအပ်သောအချက်အလက်များကိုဖြည့်သွင်း၍ ဝင်ရောက်ပါရန်။
သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်

ဆက်သွယ်ရန်လိပ်စာ
a-Tooကုမ္ပဏီ TEL:054-333-9133
၁၀နာရီမှ၂၀နာရီအထိလက်ခံဖြေကြားပေးလျက်ရှိပါသည်။