×
メインメニュー

ရှိဇူအိုကမြို့ရဲ့လမ်းပန်းဆက်သွယ်ရေး

ဂျပန်ရဲ့အဓိကလမ်းပန်းဆက်သွယ်ရေးဖြစ်သော တိုးကိုင်းဒိုကျည်ဆံရထား, တိုးမဲအမြန်လမ်းမကြီးကိုအစပြုကာ အမျိုးသားအဝေးပြေးလမ်းမကြီး, မြို့တွင်းရထားလမ်း, ဘတ်စ်ကား, ဖဲရီ များလဲရှိသောကြောင့်လမ်းပန်းဆက်သွယ်ရေးအရာများလဲပြည့်စုံပါသည်။
ဖူဂျီရှိဇူအိုကလေယာဉ်ကွင်း, မြို့ကြီးများသို့ဆက်သွယ်ရေးကအဆင်ပြေလှသောရှိဇူအိုကမြို့ရဲ့လမ်းပန်းဆက်သွယ်ရေးအကြောင်းကို မိတ်ဆက်ပေးပါမည်။

ရှိဇူအိုကမြို့ဆက်သွယ်ရေးမြေပုံ

ရထားလမ်းကြောင်း

  • တိုးကိုင်းဒိုကျည်ဆံရထားလမ်းကြောင်း
    တိုကျိုဘူတာမှအိုဆာကာဘူတာကိုဆက်သွယ်နေသောကမ္ဘာ့ပထမဆုံးသောအမြန်ရထားလမ်း။ ရှိဇူအိုကဘူတာမှ ဟိကာရိဖြင့် တိုကျိုဘူတာအထိခန့်မှန်းခြေ၁နာရီ, အိုဆာကာဘူတာအထိခန့်မှန်းခြေ၁နာရီမိနစ်၅၀ ဖြင့်ရောက်ရှိနိုင်ပါသည်။
  • JR တိုးကိုင်းဒိုလမ်းကြောင်း(ရှိဇူအိုကအပိုင်း)
    ရှိိဇူအိုကမြို့ကိုအလယ်ကနေဖြတ်သန်းနေသောရထားလမ်းကြောင်း။ အရှေ့ကအတမိမှ အနောက်ကတိုရောဟရှိအထိဆက်သွယ်နေပါသည်။ ဘူတာရုံ၄၄ရုံကိုပြေးဆွဲနေသောလမ်းကြောင်းရဲ့အလယ်တည့်တည့်တွင် ရှိဇူအိုကဘူတာရှိပြီး နေရာဒေသအနှံ့အပြားသို့ လွယ်ကူစွာသွားလာနိုင်ပါသည်။
  • ရှိဇူအိုကရထားလမ်းကြောင်း
    ရှိဇူအိုကမြို့မှရှိမိဇူမြို့အလယ်ကိုဆက်သွယ်နေပြီး ချိဘိမရုကိုချန်ဒီဇိုင်းရထားတွဲနှင့် သက်တံအရောင်၇ရောင်နှင့်ပြုလုပ်ထားသော ရထားတွဲအစရှိသောရထားတွဲများသည် ဒေသခံပြည်သူတွေချည်းမဟုတ်ပဲ ရထားတွဲများကိုနှစ်သက်မြတ်နိုးသောပရိသတ်များရဲ့ ချစ်တာကိုခံရသောရထားလမ်းဖြစ်ပါသည်။တရားဝင်ဆိုဒ်

မော်တော်ကား

  • တိုးမဲအမြန်လမ်းမကြီး
    တိုကျိုICမှ ခိုမခိICအထိခန့်မှန်းခြေ၃၅၀ကီလိုမီတာဖြင့်ဆက်သွယ်နေပြီး လမ်းပန်းဆက်သွယ်ရေးကအလွန်အဆင်ပြေချောမွေ့ပါသည်။ ရှိဇူအိုကICမှ တိုကျို, နာဂိုယာအထိကိုခန့်မှန်းခြေ၁၆၀ကီလိုမီတာဖြစ်တာကြောင့် မြို့ကြီးများသို့ဆက်သွယ်ရေးဟာအဆင်ပြေလှပါသည်။တရားဝင်ဆိုဒ်
  • အသစ်တိုးမဲအမြန်လမ်းမကြီး
    全長約250kmの幹線高速道路。海老名市から豊田市を結び、山間部を走る高速道路として2012年に開通。 တရားဝင်ဆိုဒ်
  • 中部横断自動車道
    清水区の新清水JCTから長野県の佐久小諸JCTまで約132kmを結ぶ高速道路。山道を避け、静岡⇔山梨間のアクセスが容易に。 တရားဝင်ဆိုဒ်
  • အမျိုးသားအဝေးပြေးလမ်းနံပတ် ၁
    တိုကျိုကနေအိုဆာကာကိုဆက်သွယ်နေသောရိုးရိုးလမ်းဖြစ်ပြီး ၈မြို့ကိုသွားလာနိုင်ပါသည်။ တိုးကိုင်းဒိုးအဖြစ်သယ်ယူပို့ဆောင်ရေးအချက်အချာအဖြစ်ဂျပန်၏ဗဟိုကိုဆက်သွယ်နေပါသည်။
  • အမျိုးသားအဝေးပြေးလမ်းနံပတ် ၁၅၀
    ရှိဇူအိုကမြို့ရဲ့ပင်လယ်ကမ်းဘေးကိုရှိမိဇူကနေ ဟာမမစစ်အထိဆက်သွယ်နေသောလမ်း။ ရှိဇူနမိ, စဂါရ, အိုမအဲဇခိအစရှိသောလူကြိုက်များသော ကမ်းခြေများသို့သွားလာရာမှာ အဆင်ပြေပါသည်။

အခြားအရာများ

  • ရှိဇူသဲစစ်ဘတ်စ်
    ရှိဇူအိုကမြို့ရဲ့ခြေထောက်အဖြစ် ၁၀၁လမ်းကြောင်းဖြင့်ပြေးဆွဲနေသောဘတ်စ်လမ်းကြောင်း။ မြို့များကိုလမ်းကြောင်း၇ကြောင်းဖြင့်တိုက်ရိုက်ဆက်သွယ်နေပါသည်။ ဖူဂျီရှိဇူအိုကလေယာဉ်က္ငင်းကိုတိုက်ရိုက်ဆက်သွယ်နေသောရှိဇူအိုကလေယာဉ်ကွင်းသွားဘတ်စ်လမ်းကြောင်းသည် ရှိဇူအိုကဘူတာမှ ခန့်မှန်းခြေ၁နာရီဖြင့်ရောက်ရှိနိုင်ပါသည်။တရားဝင်ဆိုဒ်
  • စုရုဂါပင်လယ်အော်ကူးတို့
    ရှိမိဇူတိုဆိပ်ကမ်းနှင့် နိရှိအိဇူဒိုဟိဆိပ်ကမ်းကိုမိနစ်၇၀ဖြင့်ဆက်သွယ်နေပြီး ရာသီဥတုသာယာပါက စုရုဂါပင်လယ်အော်ကနေ ဖူဂျီတောင်ကိုမြင်တွေ့နိုင်သော အပျော်စီးခရီးစဉ်ဖြစ်ပါသည်။တရားဝင်ဆိုဒ်
  • ဖူဂျီရှိဇူအိုကလေယာဉ်ကွင်း
    နိုင်ငံတွင်းလိုင်းနှင့် အရှေ့အာရှ(တရုတ်, ကိုးရီးယား, တိုင်ဝမ်)သို့သွားရောက်နိုင်သောပြည်ပလိုင်းကြောင်းရှိသော ရှိဇူအိုကမြို့ရဲ့ကောင်းကင်သို့ပျံသန်းနိုင်သောဝင်ပေါက်။ ရှိဇူအိုကဘူတာမှတိုက်ရိုက်ဘတ်စ်ကားဖြင့်ခန့်မှန်းခြေ၁နာရီ။ အနီးဆုံးကအမြန်လမ်းမကြီးICမှ ၁၀မိနစ်မှ၁၅မိနစ်ပဲကြာမြင့်ပြီးလေယာဉ်ကွင်းသို့ သွားရောက်ရာမှာအဆင်ပြေလှပါသည်။တရားဝင်ဆိုဒ်
  • ဖူဂျီရှိဇူအိုကလေယာဉ်လိုင်း၂၀၂၀ခုနစ်ဩဂုတ်လမှယနေ့အထိ
    ဟိုကိုင်းဒို, စန်အင်း, ကျုရှုး, အိုကီနာဝါသို့တိုက်ရိုက်ဖလိုက်၇ကြောင်းရှိပါသည်။
    ဝေးတဲ့နေရပ်ဆီကိုပြန်သောအခါမှာ အဆင်ပြေသောပတ်ဝန်းကျင်ဖြစ်ပါသည်။
    • စပိုလို(ရှင်းချိတိုဆေ, အိုကဒါန်)လိုင်း/ခန့်မှန်းခြေ၁၀၅မိနစ်
    • အိဇူမိုလိုင်း/ခန့်မှန်းခြေ၈၀မိနစ်
    • ဖုခုအိုက,ကျူရှုးမြောက်ပိုင်း, ခဂေါရှိမလိုင်း/ခန့်မှန်းခြေ၉၅မိနစ်
    • အိုကီနာဝါလိုင်း/ခန့်မှန်းခြေ၁၄၅မိနစ်