×
メインメニュー

ရှိဇူအိုကမြို့နှင့်ဆက်စပ်နေသောလူပုဂ္ဂိုလ်များ

ရှိဇူအိုကမြို့ဖွားများ

  • အိမခါဝ ရောရှိမိုတို
    တစ်ချိန်ကကျယ်ပြန့်သောဧရိယာကိုအုပ်ချုပ်ပြီး, တိုးကိုင်းဒိုတွင်အတော်ဆုံးဆာမူရိုင်းအဖြစ်ခေါ်ခံခဲ့ရပါသည်။ သူသည်အိုခဲဟဇာမပွဲတွင်အိုဒါနိုဘုနာဂါကိုရှုံးနိမ့်ခဲ့ရသူအဖြစ်လူသိကျသော်လည်း ယခုနှစ်အတောအတွင်းတွင် သူ၏တိုက်ရည်ခိုက်ရည်နှင့် သံတမန်ရေးရာစွမ်းဆောင်မှုများကိုလူတွေကအသိမှတ်ပြုလာကြပါသည်။ ၂၀၁၅ခုနစ်တွင်ရှိဇူအိုကရဲ့တရားဝင်မဟုတ်သောဇာတ်ကောင်အဖြစ်"အိမခါဝါစန်" ကပေါ်ပေါက်လာပါသည်။
  • ရာမဒါ နာဂါမစ
    အဲဒိုးခေတ်တွင်ထိုင်းသို့သွားရောက်ပြီး အယုဒ္ဒယမြို့ဆင်ခြေဖုံးရှိဂျပန်လူမျိုးနေထိုင်သောမြို့၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူသည်ကူးသန်းရောင်းဝယ်ရေးနှင့်စစ်ရေးကျွမ်းကျင်သူဖြစ်သောကြောင့် ပင်လယ်ရပ်ခြားဘုရင်တစ်ပါးဖြစ်လာခဲ့ပါသည်။ နှစ်စဉ်ဆောင်းဦးတွင် ရှိဇူအိုကဆန်ဂန်းလမ်းရှိဆိုင်ခန်းလမ်းတွင်"ထိုင်းဂျပန်ချစ်ကြည်ရေး နာဂါမစပွဲတော်" ကိုကျင်းပလျှက်ရှိပါသည်။
  • ဂျိပန်းရှ အိခု
    အိဒိုးခေတ်နှောင်းပိုင်းရဲ့ပြဇာတ်ရေးဆရာနှင့်ပန်းချီဆရာဖြစ်ပါသည်။ "တိုးကိုင်းဒိုနာခါဂိရိခုရိဂဲ"၏စာရေးသူအဖြစ်လူသူများသည်။ သူသည်ဂျပန်နိုင်ငံတွင်စာရေးဆရာအလုပ်ကိုအလုပ်အကိုင်တစ်ခုအဖြစ်ပထမဆုံးလုပ်ကိုင်ခဲ့သူဖြစ်ကြောင်းပြောကြပါသည်။
  • ရှိမိဇူ ဂျိလောချော
    အိုမစစ်, ခိုစမ, မိုရိရှိမစစ်ကိုဦးဆောင်သောတိုးကိုင်းဒိုရဲ့ခေါင်းဆောင်အဖြစ်လူသိများပါသည်။ သူသည်အသစ်ဆက်ခံပြီးနောက်ရှိမိဇူဆိပ်ကမ်းကိုပြန်လည်ပြင်ဆင်ခြင်း, ဖူဂျီတောင်ခြေကိုရှင်းလင်းခြင်း, ကိုယ်ပိုင်ကျူရှင်တွင်အင်္ဂလိပ်စာသင်ကြားခြင်းများတွင်အားထည့်ခဲ့ပါသည်။ အရည်ချင်းရှိိသောလုပ်ငန်းရှင်အဖြစ်ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးစားခဲ့သူဖြစ်ပါသည်။
  • အမနို ရောရှိတက
    Final Fantasy Seriesရဲ့ဇာတ်ကောင်ဒီဇိုင်းနာအဖြစ်လူသိများပါသည်။ နူးညံ့သိမ်မွေ့ပြီးစွဲမက်ဖွယ်ကောင်းသောစိတ်ကူးများသည်ကမ္ဘာ့အနှံ့တွင်လူကြိုက်များပြီး နေရာအနှံ့အပြားတွင်ကိုယ်ပိုင်ပြပွဲများကိုကျင်းပခဲ့ပါသည်။ တစ်ချိန်ကTime Bokan Seriesရဲ့ဇာတ်ကောင်ဒီဇိုင်းကိုလဲတာဝန်ယူခဲ့ပါသည်။
  • ဆာကူရာမိုမိုကို
    တစ်နိုင်ငံလုံးလူကြိုက်များသောကာတွန်း"ချိဘိမရုကိုချန်"ကိုရေးဆွဲသောကာတွန်းဆရာ, စာရေးသူဖြစ်ပါသည်။ ဒေသခံပြည်သူများ၏ချစ်ခင်နှစ်သက်မှုကိုခံရပြီး မရုကိုချန်ဒီဇိုင်းဖြင့်ပြုလုပ်ထားသောလမ်းအဖုံးများကိုလှူဒါန်းခြင်းအစရှိသည့်ရှိဇူအိုကမြို့အတွက်အကျိုးရှိလုပ်ငန်းများပြုလုပ်ခဲ့ပါသည်။
  • 柴田恭兵
    1975年の舞台デビュー後、テレビドラマに活躍の場を移し「あぶない刑事」で爆発的な人気を獲得。以降、数々の主演ドラマでヒット作を生む。
  • ခုဘိုတ တိုရှိနိုဘု
    ဂျပန်R&Bရဲ့ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပြီး သီချင်းရေးသူဖြစ်ပါသည်။ လူကြိုက်များသောသီချင်းပေါင်းများစွာကိုပိုင်ဆိုင်ပြီး "LA・LA・LA LOVE SONG"ဟာအရောင်းကောင်းဆုံးအခွေအဖြစ်မှတ်တမ်းတင်ခဲ့ပါသည်။ အဆိုတော်အများအပြားအတွက်သီချင်ရေးသည့်အပြင်ကမ္ဘာ့သိတေးဂီတပညာရှင်တစ်ဦးပါ။
  • ရွှမ်ပုတေ ရှောတ
    သူသည် ရခုဂေါ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပဉ္စမမျိုးဆက်ရွှမ်ပုတေ ရုရှောရဲ့တပည့်ပါ။ ၂၀၁၆ခုနစ်တွင်တစ်နိုင်ငံလုံးလူကြိုက်များသော"ရှောတမ်း" ရဲ့ဆဌမမြောက်တင်ဆက်သူအဖြစ်တာဝန်ပေးခံခဲ့ရပါသည်။ ရခုဂေါ့ တစ်ခုတည်းမဟုတ်ပဲ, ရုပ်ရှင်နှင့်တီဗီကြော်ငြာတွေမှာလဲသူ့ကိုတွေ့မြင်နိုင်ပါသည်။
  • 酒井美紀
    歌手としてデビュー後、1995年より本格的に女優業を開始。以降、数多くのドラマ、映画に出演し数々の映画賞を受賞。現代劇から時代劇まで幅広くこなす演技派女優。
  • ဟိလောဆေ အဲရိစု
    ၂၀၀၈ခုနစ်တွင်မင်းသမီးစဖြစ်ခဲ့ပြီး နောက်တစ်နှစ်ဖြစ်တဲ့၂၀၀၉ခုနစ်တွင်မစ်စ်ဆမ်ဘမ်တင်းမဂ္ဂဇင်းရဲ့ပင်တိုင်မော်ဒယ်အဖြစ်အနုပညာလှုပ်ရှားမှုများကိုစတင်လုပ်ကိုင်ခဲ့ပါသည်။ ဇာတ်ငြိမ်မှဟာသအထိသရုပ်ဆောင်အမျိုးမျိုးကိုသရုပ်ဆောင်နိုင်သောပင်ကိုယ်အရည်အချင်းရှိမင်းသမီးတစ်ဦးပါ။ မင်းသမီးဟိလောဆေ စုဇူသည် သူမ၏ညီမအရင်းလဲဖြစ်ပါသည်။
  • ဟိလောဆေ စုဇူ
    ၂၀၁၂ခုနစ်တွင် မစ်စ်ဆမ်ဘမ်တင်းမဂ္ဂဇင်းရဲ့ပင်တိုင်မော်ဒယ်အဖြစ်အနုပညာလှုပ်ရှားမှုများကိုစတင်ခဲ့ပြီး ၂၀၁၃ခုနစ်တွင်မင်းသမီးအလုပ်ကိုစခဲ့ပါသည်။ ရုပ်ရှင်"ကျွန်ုပ်တို့၏ညီမလေး" ဇာတ်ကားဖြင့်ဂျပန်လူသစ်အကယ်ဒမီဆုကိုရရှိခဲ့ပါသည်။ နောက်ပိုင်းတွင်အခြားအခြားသောရုပ်ရှင်ဆုများစွာရရှိကာ ဂျပန်နိုင်ငံကိုကိုယ်စားပြုမင်းသမီးဖြစ်လာခဲ့ပါသည်။ မင်းသမီးဟိလောဆေအဲရိစုသည် သူမ၏အမအရင်းဖြစ်ပါသည်။
  • 明日海りお
    元宝塚歌劇団花組トップスター。その容姿、美声、演技力で2014年から2019年まで5年半の間トップスターを務め、ファンからは「トップオブトップ」と呼ばれる程の絶大な人気を誇る。宝塚歌劇団退団後は、女優として数多くの話題作に出演。
  • Pink Lady
    မီ နှင့် ‌ခဲအိတို့ဖြင့်ဖွဲ့စည်းထားသောအိုင်ဒေါအဖွဲ့ပါ။ အယ်လ်ဘမ်ရောင်းအားကောင်းမှတ်တမ်းများစွာရရှိခဲ့ပြီး အဖွဲ့နှင့်ပတ်သတ်သော အသေးအဖွဲပစ္စည်းများလည်းရောင်းချခဲ့ပါသည်။ ဂျပန်နိုင်ငံတွင်းကြီးမားသောအရှိန်အဟုန်ဖြင့် လူကြိုက်များကျော်ကြားခဲ့သောအဖွဲ့ဖြစ်သည်။
  • မိုရိ ရိရို
    ၂၀၀၇ခုနစ်ရဲ့အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲအတွက်ဂျပန်ကိုယ်စားပြုအလှမယ်ဖြစ်ပြီး ပြိုင်ပွဲတွင်လဲအနိုင်ရကာ အလှမယ်သရဖူဆောင်းခဲ့သူဖြစ်ပါသည်။ သူမသည်လူမူရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ပြုလုပ်သူဖြစ်ပြီး ယခုအခါတွင် အကနှင့်အလှဆိုင်ရာပညာများကိုသင်ကြားပေးနေပါသည်။
  • မိအုရာ ခါဇူးရောရှိ
    "ဘုရင်ခါဇူ"ဆိုပြီးလူသိများသော ဘောလုံးသမားဖြစ်ပါသည်။ အသက်၁၅နှစ်တွင်တစ်ကိုယ်တည်းဘရားဇီးသို့သွားရောက်ခဲ့ပြီး, အသက်၁၈နှစ်တွင်နာမည်ကြီးစန်တိုစုဘောလုံးကလပ်အသင်းနှင့်စာချုပ်ချုပ်ဆိုခဲ့ပါသည်။ J-League ရဲ့ပထမဆုံးMVPကိုရရှိကာ အမျိုးမျိုးသောမှတ်တမ်းနှင့် အောင်မြင်မှုများကိုပိုင်ဆိုင်သောဂျပန်ဘောလုံးလောကရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးပါ။
  • ဟိုရှိနို ခါဇူရောရှိ
    "ဂျပန်အမြန်ဆုံးယောကျ်ား" လို့အခေါ်ခံရသောပြိုင်ကားမောင်းဒရိုင်ဘာတစ်ဦးပါ။ ဂျပန်နိုင်ငံ၏ပြိုင်ကားချန်ပီယံဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာကိုရယူနိုင်ခဲ့ပါသည်။ ၁၉၉၂ခုနစ်တွင်ကျင်းပခဲ့သော"Daytona၂၄နာရီပြိုင်ပွဲ" တွင်ပထမဆုံးဂျပန်ကားကိုအသုံးပြုပြီးပြိုင်တာမှာချန်ပီယံရခဲ့ပါသည်။ ၁၉၉၈ခုနစ်တွင်"Le Mans၂၄နာရီပြိုင်ပွဲ"တွင်စူဇူးကီအဂူရိတို့နှင့်အတူအဖွဲ့လိုက်နံပတ်၃နေရာကိုရရှိခဲ့ပါသည်။
  • 柴田英嗣
    お笑いコンビ「アンタッチャブル」のツッコミ担当。キレのあるツッコミは天才芸人・横山やすしの再来と言われる。ハイテンポの漫才で2004年M-1グランプリ王者に輝く。マニアックな動物の知識を活かした、テレビ・著書・WEBコンテンツなども人気。
  • ハリウッドザコシショウ
    ハイテンションで破天荒な芸を持ち味とするお笑い芸人。「誇張しすぎた○○」と称してデフォルトするモノマネ芸を披露して、R-1ぐらんぷり2016の王者となる。王道からアンダーグラウンドまで幅広いファンを抱える自称・2兆個のギャグを持つ男。
  • ခါတိုး ရော
    အသက်၁၀နှစ်အရွယ်တွင်"အပရယ်ဆန်းမားဒိုင်းဆန်ဆေ"ဖြင့်သရုပ်ဆောင်လောကဝင်ရောက်ခဲ့ပြီး တမူထူးခြားသောသရုပ်ဆောင်မှုများကြောင့် ရုပ်ရှင်, ဗီဒီယို, စင်တင်ဇာတ်, ကြော်ငြာတွေအများအပြားမှာသူ၏သရုပ်ဆောင်မှုများကိုတွေ့နိုင်ပါသည်။ "Patalliro!ရုပ်ရုင်"တွင်ပထမဆုံးရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။