×
メインメニュー

ရှိဇူအိုကမြို့ရဲ့အစားအစာ

ရှိဇူအိုကရှိရဲ့နာမည်ကြီးအရာ

  • ရှိဇူအိုကအိိုးဒမ်း
    ဟင်းရည်အမဲရောင်ဟင်းရည်ထဲမှာ တုတ်နှင့်ထိုးထားသောခူလောဟန်ပန်, အမဲအူ, ကွန်နရက်ခု, မုန်လာဥ, ကြက်ဥများကိုကြာမြင့်စွာပြုတ်ထားသောရှိဇူအိုကအိုးဒမ်း။ အရက်ဆိုင်တွေမှာပဲမဟုတ်ပဲ မုန့်ဆိုင်တွေမှာလဲရောင်းနေသော ရှိဇူအိုကမြို့သူမြို့သားတွေရဲ့ဒေသအစားအစာဖြစ်ပါသည်။ ကိုယ့်အကြိုက်ဖြင့်ရေညှိနှင့်ငါးစွပ်ပြုတ်အမှုန့်တွေကိုအပေါ်ကဖြူး၍စားခြင်းက ပုံမှန်စားပုံဖြစ်ပါသည်။
  • ခုနိုအိရှိဂါခိစတော်ဘယ်ရီခူးယူခြင်း
    "အိရှိဂါခိစတော်ဘယ်ရီ"သည်တောင်စောင်းမြေကိုအသုံးပြု၍ စတော်ဘယ်ရီအကုန်လုံးကိုနေရောင်ထိရန်ကြံဆထားသော ရှိဇူအိုကမြို့တစ်ခုတည်းရဲ့စိုက်ပျိုးရေးနည်းလမ်းဖြင့်စိုက်ပျိုးထားသောစတော်ဘယ်ရီဖြစ်ပါသည်။ အမျိုးသားအဝေးပြေးလမ်းနံပတ် ၁၅၀ရဲ့အဲ့ဒီအပိုင်းကို"စတော်ဘယ်ရီပင်လယ်လမ်း" လို့ခေါ်ပြီး, ဇန်နဝါရီမှမေလအထိ အနေတော်ပြီးချိုမှည့်သောအရသာကိုစားနိုင်ပါသည်။
  • ရှိမိဇူအူဟင်း
    "ခင်းနိုဂျိဆိုင်"သည်လွန်ခဲ့သောနှစ်ပေါင်း၆၀က ဆူကိမိုတိုခါနဲရှိဂဲ ကစတင်တည်ထောင်ခဲ့ပါသညိ။ တုတ်ထိုး၍ကင်သောစတိုင်ကမူလလက်ယာအဖြစ် ယခုအခါတွင် စွပ်ပြုတ်, အိုးဟင်း, ဥရောပစတိုင်ဟင်းလျာများထပ်ပေါင်းထားသောBအဆင့်ရှိသောအစားအစာဆိုင်ဖြစ်ပါသည်။ ယခုနှစ်များတွင်"ရှိမိဇူအူဟင်းပွဲတော်"ကျင်းပလျှက်ရှိပြီး ဆိုင်တိုင်းရဲ့အရသာအမျိုးမျိုးကိုစားကြည့်နိုင်ပါသည်။
  • ခန်းကိုစစ်ဟမ်ဘာဂါ
    ရှိဇူအိုကမြို့၏ကွင်းဆက်မိသားစုစားသောက်ဆိုင်"စဝါရကမီးသွေးကင်စားသောက်ဆိုင်" ရဲ့နာမည်ကြီးမီနူး။ ကြိုက်နှစ်သက်သောသူများထဲတွင်နာမည်ကျော်သူများလဲပါဝင်ပြီး ရှိဇူအိုကရဲ့နာမည်ကျော်ဖြစ်ပါသည်။ ဆော့စ်သည် ဒဲမီကုရာနှင့်ကြက်သွန်နီဆော့စ်၂မျိုးထဲမှရွေးချယ်နိုင်ပေမဲ့ ၉၀ရာခိုင်နှုန်းသောသူတွေကရွေးချယ်ကြသောကြက်သွန်နီဆော့စ်နှင့်စားဖို့ တိုက်တွန်းပါသည်။တရားဝင်ဆိုဒ်
  • တိုလောလောဟင်းရည်
    ၁၅၉၆ခုနစ်ကစတင်ဖွင့်လှစ်ခဲ့သော"ချောဂျိယ"သည် ဥတခါဝ ဟိလောရှိဂဲရေးဆွဲသားသော"တိုကိုင်းဒိုး၅၀ဆင့်"တွင်ဖော်ပြထားသောရှေးဟောင်းဆိုင်ဖြစ်ပါသည်။ ဒေသထွက်ပီလောပီနံကိုအသုံးပြုထားပြီးတိုလောလောဟင်းရည်သည်ရှေးအခါကတည်းကခရီးသွားများကြိုက်နှစ်သက်ခဲ့သောတိုးကိုင်းဒိုရဲ့နာမည်ကျော်တစ်ခုပါ။ ထို့အပြင်"ချောဂျိယ" တွင်ပီလောပီနံကိုအသုံးပြု၍ချက်ထားသောအခြားဟင်းလျာများစွာလဲရရှိနိုင်ပါသည်။တရားဝင်ဆိုဒ်

ရှိဇူအိုကမြို့၏အထူးထုတ်ကုန်

  • တူနာငါး
    ရေခဲထားသောတူနာငါးဖမ်းပြုလုပ်ခြင်းကဂျပန်နံပတ်၁ဖြစ်တဲ့ရှိမိဇူဆိပ်ကမ်းရှိသောရှိဇူအိုကမြို့သည် တူနာငါးကိုစားသုံးခြင်းမှာလဲတစ်နိုင်ငံလုံးနံပတ်၁ဖြစ်ပါသည်။ မြို့ထဲတွင်တူနာငါးကိုအသုံးပြုပြီးချက်ပြုတ်ထားသောဆိုင်များအများအပြားရှိပြီး တူနာဟင်းအမျိုးမျိုးကိုစားသုံးနိုင်ပါသည်။ နှစ်စဉ်နှစ်တိုင်းအောက်တိုဘာလတွင်"ရှိမိဇူဆိပ်ကမ်းတူနာငါးပွဲတော်" ကိုကျင်းပပြီး, တူနာငါးရဲ့အရသာရှိမှုကိုခံစားနိုင်ပါသည်။
  • ဆာကူရာပုဇွန်
    နိုင်ငံတွင်းတွင် တနေရာတည်းဖမ်းယူခွင့်ပြုချက်ရထားသော စုရုဂါဝါပင်လယ်အော်မှဖမ်းယူ၍ရသောဆာကူရာပုဇွန်သည်ရှိဇူအိုကကိုကိုယ်စားပြုသောရေထွက်နာမည်ကြီးပါ။ ထွက်ရှိရာဒေသဖြစ်သောရှိဇူအိုကတွင် ဆာကူရာပုဇွန်ကို အစိမ်းစားခြင်း , ပေါင်းအိုးဖြင့်ပြုတ်ပြီးစားခြင်းဟာပုံမှန်စားခြင်းတွေပါ။ နေလှန်းထားသောဆာကူရာပုဇွန်ကိုအကြော်နှင့်အိုခိုနိုမိရာကိတွင်လဲထည့်စားလေ့ရှိပါသည်။
  • သိလငါး
    ရှိဇူအိုကသိလငါးဖမ်းယူခြင်းသည်ဂျပန်တစ်နိုင်ငံလုံးနံပတ်၂ဖြစ်ပါသည်။ ငါးဖမ်းနေရာနှင့်ဆိပ်ကမ်းနှင့်နီးသောရှိဇူအိုကဖြစ်သောကြောင့် လတ်ဆတ်မှုကတာရှည်မခံနိုင်သောသိလငါးကိုအစိမ်းဖြင့်စားသုံးနိုင်ပါသည်။ မိုချိမူနဲဆိပ်ကမ်းတွင်ဖမ်းယူရရှိသောသိလငါးသည် တစ်နိုင်ငံလုံးကသိသောနာမည်ကြီးဘရမ်ဖြစ်ပြီး, ဖမ်းယူရရှိသောရာသီရောက်ရှိပါကအဝေးဒေသမှသူများလဲလာရောက်ကြပါသည်။
  • စတော်ဘယ်ရီ
    ရှိဇူအိုကသည်"အခိဟိမဲ" "ဘမ်နီ့ဟိုပေ့"အစရှိသောတစ်နိုင်ငံလုံးတွင်နာမည်ကြီးသောဘရမ်စတော်ဘယ်ရီသီးများထွက်ရှိရာဒေသဖြစ်ပါသည်။ ချိုမြပြီးလေးပင်သောအရသာကထူးခြားမှုဖြစ်ပြီး မတ်လသည်အထွက်များဆုံးကာလဖြစ်ပါသည်။ စတော်ဘယ်ရီခူးယူခြင်းသည်လူကြိုက်များလှပြီး ၂၀၁၇ခုနစ်တွင်"ခိရပိကာ" ကအမျိုးအသစ်ဖြင့်မှတ်တမ်းတင်ခံရကာ, ရှိဇူအိုကစတော်ဘယ်ရီသည်တစ်နိုင်ငံလုံးတွင်ကျော်ကြားလှပါသည်။
  • လိမ္မော်သီး
    ရှိဇူအိုကမြို့မှမွေးဖွားလာသော"အအိုးရှိမ အွမ်ရှု" လိမ္မော်သီးကိုအဓိကဘရမ်အဖြစ်ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးတွင်နာမည်ကြီးထုတ်ကုန်များထွက်ရှိရာဒေသအဖြစ်ရှိဇူအိုကကိုသိရှိကြပါသည်။ "အအိုးရှိမ အွမ်ရှု" လိမ္မော်သီးသည် အချိုနှင့်အချဉ်အရသာကပြင်းပြီး အရည်ရွှမ်းသောအရသာကိုခံစားနိုင်သောလိမ္မော်သီးဖြစ်ပါသည်။ နောက်ပြီး"စုရုဂါအဲဂမ်တို" ရဲ့အချိုနှင့်အနံ့သည်လဲလူကြိုက်များလှပါသည်။
  • အစိမ်းရောင်ပဲပုပ်
    ရှိဇူအိုကမြို့၏မိဟို, ခိုမဂိုရှိဒေသရဲ့အစိမ်းရောင်ပဲပုပ်သည်"ဖူဂျီအဲစု"ဘရမ်အဖြစ်လူသိများပြီး ဂျပန်ရဲ့တစ်ခုတည်းသော တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်သောထုတ်ကုန်ဖြစ်ပါသည်။ ပဲသည်ဖောင်းပြည့်ပြီးအဆံလဲကြီးကာ အရသာရှိလှပါသည်။ ပဲ၏လတ်ဆတ်သောအစိမ်းရောင်ကဈေးကြီးသည်ဟုထင်မှတ်ရလောက်ပြီး တစ်နိုင်ငံလုံးရဲ့အစားအသောက်ဆိုင်များမှမှာယူခြင်းကိုခံရသော နာမည်ကြီး ပစ္စည်းဖြစ်ပါသည်။