×
メインメニュー

ရှိဇူအိုကမြို့ရဲသမိုင်း

ဟိုးရှေးရှေးတုန်းက, ရမတိုတခဲရု ကဓားပြတွေနှင့်တိုက်ခိုက်ခဲ့တုန်းက ခုစနဂီဓားသမိုင်းရာဇဝင်။
မုရောမချိခေတ်အချိန်တွင် အိမဂါဝ ရောရှိမိုတိုကြောင့်ဖြစ်ပေါ်လာသောမြို့။
တိုခုခါဝါအဲရပ်စ်စုက ကလေးဘဝမှအသက်ကြီးလာသောအခါတွင် နေထိုင်ခဲ့သောရှိဇူအိုကမြို့။
တချိန်ကစုရုဂါတိုင်းပြည်လို့ခေါ်ခံခဲ့ရပြီး အရှေ့ပင်လယ်ရဲ့အချက်အချာဖြစ်ခဲ့သောရှိဇူအိုကမြိုအကြောင်းကိုမိတ်ဆက်ပေးပါမည်။

တိုခုခါဝါအဲရပ်စ်စုနှင့်ဆက်စပ်နေသောသမိုင်းရာဇဝင်

  • ခုနောဇမ်းတိုရှောဂွန်း
    ဆွန်းပုတွင်နေထိုင်လာသော အဲရပ်စ်စုကသေဆုံးပြီးနောက်, သူ၏ဆန္ဒအတိုင်း ခန္ဓာကိုယ်ကိုမြှုပ်နှံထားသောနေရာတွင်တည်ဆောက်ထားသောနတ်ကွန်းဖြစ်ပါသည်။ တစ်နိုင်ငံလုံးရှိခန့်မှန်းခြေ၁၃၀လောက်ရှိသော တိုရှောဂွန်းတွေထဲမှာ အဓိကနတ်ကွန်းအဖြစ်လူသိများပါသည်။ အဆောက်အအုံ၁၄ခုသည်နိုင်ငံ့ရှေးဟောင်းရတနာ, တန်ဖိုးကြီးသောအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံထားရပြီး တိုခုခါဝါခေတ်ရဲ့အမွေအနှစ်ဖြစ်ပါသည်။တရားဝင်ဆိုဒ်
  • ဆွန်းပုရဲတိုက်
    ၁၅၈၉ခုနစ်တွင် အဲရပ်စ်စုကတည်ဆောက်ခဲ့ပြီး ၁၆၀၅ခုနစ်တွင် စစ်တပ်အာဏာကိုအခြားသူထံလွှဲပေးပြီးနောက် နောက်ကွယ်ကနေကြိုးကိုင်သောနိုင်ငံရေးရဲ့ဗဟိုအဖြစ်ပြုလုပ်ခဲ့ပြီး ကျန်ရှိသောဘဝနေဝင်ချိန်ကိုဖြတ််သန်းခဲ့ပါသည်။ ဆွန်းပုမြို့စီမံကိန်းရေးဆွဲခြင်း, အာဘေးဂါဝမြစ်မှ ရေကြီးခြင်းမှကာကွယ်ပေးနိုင်သောရေကာတာအစရှိသော ယခုခေတ်ရှိဇူအိုကမြို့ရဲ့မူလပုံစံကို ပြုလုပ်ခဲ့ပါသည်။ ဥယျာဉ်အတွင်းမှာ"အဲရပ်စ်စုကစိုက်ပျိုးခဲ့သောလိမ္မော်သီးပင်" လဲရှိပြီး, မြို့ရဲ့သဘာဝအထိမ်းအမှတ်အရာအဖြစ်တည်ရှိနေပါသည်။တရားဝင်ဆိုဒ်
  • ရှိဇူအိုကဆန်ဂန်းဘုန်းကြီးကျောင်း
    အဲရပ်စ်စုက အိမဂါဝအိမ်ရဲ့ဓားစာခံဖြစ်ချိန်က, မူ့လအဝတ်အစားနှင့် ဆေးထည့်အခမ်းအနားကိုကျင်းပခဲ့သောဘုန်းကြီးကျောင်း။ တာကဲဒရှင်းဒန်းနှင့် တိုက်ပွဲ၌ တိုက်ပွဲပြီးနောက် ပြန်လည်ပြီးတည်ဆောက်ပေးမည်ဟု ရှိခိုးကျိန်ဆို၍မီးလောင်စေခဲ့ပြီး တာကဲဒရဲ့အဖွဲ့ကိုထိုးစစ်စဉ်ကာ ကျဆုံးစေခဲ့ပါသည်။တရားဝင်ဆိုဒ်
  • ရင်းဆိုင်ဘုရားကျောင်း
    အဲရပ်စ်စုက ကလေးဘဝ(တခဲချိရောခေတ်) တွင်အိမဂါဝအိမ်ရဲ့ ဓားစာခံအဖြစ်နေခဲ့သောဘုရားကျောင်းဖြစ်ပါသည်။ အိမဂါဝအိမ်၏ စစ်သည်တာဝန်, သိုင်အိဂန်းစဲဆိုင်အိရဲ့သွန်သင်မှုကိုခံယူတွေဟာ အဲရပ်စ်စုရဲ့ဘဝကိုကြီးကြီးမားမားသက်ရောက်မှုတွေပေးခဲ့တယ် လို့ပြောကြပါသည်။ ဘုရားကျောင်းတွင်"တခဲချိရောလေ့ကျင့်အခန်း" ကိုပြန်လည်ပုံဖော်ထားပြီး တစ်နှစ်ကို၂ကြိမ်တိုင် အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားပါသည်။GoogleMap
  • ဆေအိခန်ဘုရားကျောင်း
    အဲရပ်စ်စုရဲ့ကလေးဘဝဆရာဖြစ်ခဲ့သော သိုင်အိဂန်းစဲဆိုင်အိကဘုရားကျောင်းကိုပြန်လည်တည်ဆောက်တဲ့နေရာမှာပတ်သတ်ခဲ့သောကြောင့်"အဲရပ်စ်စုရဲ့သင်ယူလေ့လာအခန်း" ဆိုပြီးကျန်ရှိနေပါသည်။ ၁၆၀၇ခုနစ်တွင်ကိုးရီးယားနှင့်သံတမန်ရေးရာဆက်ဆံမှုကိုအကောင်အထည်ဖော်ရန်အတွက် အဲရပ်စ်စုသည် ဆွန်းပုတွင်သံတမန်များကိုဖိတ်ခေါ်တာကိုပြုလုပ်ခဲ့ပြီး သံတမန်များတည်းခိုရာနေရာကိုဆေအိခန်ဘုရားကျောင်းကိုရွေးချယ်ခဲ့ပါသည်။တရားဝင်ဆိုဒ်

အခြားသမိုင်းရာဇဝင်များ

  • တိုလောအပျက်အယွင်းပြတိုက်
    ဂျပန်တွင်ပထမဆုံးတွေ့ရှိခဲ့သော ယာရောအိခေတ်၏ကျေးရွာနှင့် စပါးစိုက်ခင်းများရဲ့ပုံစံတူရှေးဟောင်းအမွေအနှစ်။ နေထိုင်သောနေရာနှင့် လယ်ကွင်းများကတဆက်တည်းဖြစ်နေတာကိုမြင်တွေ့နိုင်ပြီး ယာရောအိခေတ်မှာစပါးစိုက်ပျိုးရေးကဖြစ်ထွန်းခဲ့ကြောင်းပြောပြနေသောတန်ဖိုးရှိလှတဲ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပါသည်။ ရှိဇူအိုကမြို့ပိုင်တိုလောပြတိုက်ကလဲဘေးနားမှာရှိသောကြောင့် အဲ့ဒီအချိန်တုန်းကနေထိုင်မှုများကို ခံစားသိမြင်နိုင်ပါသည်။တရားဝင်ဆိုဒ်
  • ရှိိမိဇူနောဂျိလောချောနေအိမ်
    ရှိမိဇူနောဂျိလောချော, တာအိဆေနှင့် ခိုမစရဲ့ဓါတ်ပုံ။ ဂျိလောချောကအသုံးပြုခဲ့သောပစ္စည်းများ, စာရွက်စာတမ်းများကိုပြသထားပါသည်။ ဂျိလောချောက မွေးကင်းစကလေးကိုရေနွေးဖြင့်ဆေးကြောပေးရာမှာအသုံးပြုခဲ့သောရေတွင်းနှင့် ဧည့်ခန်းအစရှိသောအရာတွေကိုလဲအဲ့ဒီအချိန်တုန်းကအတိုင်း သိမ်းဆည်းထားလျက်ရှိပြီး အဲ့ဒီအချိန်ကနေထိုင်မှုကိုသိသာနိုင်သောတန်ဖိုးရှိလှတဲ့အဆောက်အအုံအဖြစ် နိုင်ငံကမြင်သာထင်ရှားမှုရှိသောယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားပါသည်။GoogleMap
  • ခုစနဂိဘုန်းကြီးကျောင်း
    ရမတိုတာခဲရုကတိုက်ပွဲတွင်ဓားပြရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပြီး တောကိုမီးရှို့၍မီးလောင်သေစေရန်ပြုလုပ်ခံရတာတွင် အမဲနိုမူရခုမိုနိုစစ်ရုဂိဓားဖြင့်မြက်များကိုခုတ်ပိုင်း၍ မီးကိုဖျက်တောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သော အပြောကကျန်ခဲ့သောနေရာ။ နောက်ပိုင်းတွင်ဘုရင်ခဲအိကိုက ရမတိုတာခဲရုရဲ့ဝိညာဉ်ကိုအမှုတော်ထမ်းရွက်ရန်တည်ဆောက်ခဲ့သည်ဟု ဆိုရိုးရှိခဲ့သောဘုန်းကြီးကျောင်း။GoogleMap