×
メインメニュー

○○ရဲ့မြို့, ရှိဇူအိုက!

အရုပ်ပစ္စည်းများဝါသနာနှင့်ဘောလုံးမြို့ဆိုပြီးတစ်နိုင်ငံလုံးကသိရှိသောရှိဇူအိုကမြို့
မြို့ရဲ့နေရာအနှံ့မှဖူဂျီတောင်ကိုမြင်တွေ့နိုင်သော ရှုခင်းကောင်းလှသောမြို့
ဆွဲဆောင်မှုအပြည့်ရှိသောရှိဇူအိုကမြို့နှင့်ပတ်ဝန်းကျင်ရှိနာမည်ကြီးနေရာများ ,သွားလည်ရန်တိုက်တွန်းသောနေရာများ, ပွဲတော်များကိုမိတ်ဆက်ပေးပါမည်။

အရုပ်ပစ္စည်းများဝါသနာမြို့

  • ကမ္ဘာတွင်နာမည်ကြီးလှသောအရုပ်ဆက်ကုမ္ပဏီများသည်ရှိဇူအိုကမြို့ကိုအချက်အချာယူ၍စက်ရုံကြီးများတည်ဆောက်ထားကာ အရုပ်ဝါသနာမြို့အဖြစ်လူသိများလှပါသည်။ နှစ်စဉ်နှစ်တိုင်းမေလတွင်"ရှိဇူအိုကအရုပ်ပစ္စည်းများဝါသနာပြပွဲ" ကိုကျင်းပလျှက်ရှိပြီး, ဂျပန်နိုင်ငံအတွင်းးအပြင်ပြည်ပမှဝါသနာရှင်အများအပြားလာရောက်ကြပါသည်။ တစ်ချိန်တည်းမှာပင်ကျင်းပသော"Modeler Club Joint" ပြပွဲတွင်မော်ဒယ်ပုံစံပေါင်းခန့်မှန်းခြေ၁၀,၀၀၀ခန့်ခင်းကျင်းပြသပြီး နိုင်ငံတကာမှအာရုံစိုက်ခြင်းခံရသော ကမ္ဘာ့အကြီးဆုံးပလတ်စတစ်မော်ဒယ်ပြပွဲကြီးဖြစ်ပါသည်။ အအိုရှိမ အမ်အမ်ပီ SWEET တမိယ(စက်ရုံလေ့လာရေးလုပ်နိုင်) ဟဆေဂါဝ フジミ PLATZ ဘမ်ဒိုင်းအရုပ်စင်တာ(စက်ရုံလေ့လာရေးလုပ်နိုင်)

ဘောလုံးမြို့

  • Japan Leagueအသင်း"ရှိမိဇူအဲစ်ပဲရစ်ဘောလုံးအသင်း" ရဲ့ဇာတိဖြစ်သောရှိဇူအိုကမြို့သည် တစ်နိုင်ငံလုံးကသိရှိသောနာမည်ကြီးဘောလုံးကျောင်းများတည်ရှိရာ"ဘောလုံးမြို့"ဖြစ်ပါသည်။
    တိုင်အိရှောခေတ်တွင်ဘောလုံးဘုရင်အဖြစ်နာမည်ကြီးခဲ့သောရှိဇူအိုက။ ၁၉၆၀ခုနစ်လောက်ကဂျပန်တွင်အစောဆုံးမူလတန်းLeagueအသင်းကို စတင်တည်ထောင်ခဲ့ပြီး ဘောလုံးနည်းပညာများကိုသင်ကြားပြုစုပျိုးထောင်ခဲ့ပါသည်။ ထို့အတွက်ကြောင့်အထက်တန်းဘောလုံးအသင်းသည်လဲ တောက်ပသောရလဒ်များရရှိကာ ဘောလုံးဘုရင်အဖြစ်လူသိများလာခဲ့ပါသည်။
    ကမ္ဘာတွင်နာမည်ကြီးသောဘောလုံးအားကစားသမားများကိုလွှမ်းမိုးဂယက်ရိုက််ခဲ့သောကာတွန်း"တိုက်စစ်မှူးစစ်ဘစ" ရဲ့နောက်ခံသည်လဲ ထိုခေတ်အချိန်အခါကဘောလုံးဖြင့်နာမည်ကြီးလှသော ရှိဇူအိုကမြို့ကိုနောက်ခံအဖြစ်ရေးဆွဲခဲ့ပါသည်။
    J-League အသင်းတွင်စတင်ပါဝင်ချိန်ကာလက တစ်ခုတည်းသောသတ်မှတ်ထားသောကုမ္ပဏီကိုကိုယ်စားမပြုသောဘောလုံးအသင်း မြို့အသင်းအဖြစ်"ရှိမိဇူအဲစ်ပဲရစ်ဘောလုံးအသင်း" ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်ဂျပန်အသင်းလက်ရွေးစင်များနှင့်နာမည်ကြီးဘောလုံးသမားများစွာမွေးထုတ်ပေးခဲ့ပါသည်။
    ၁၉၉၀ခုနစ်ခေတ်ကနေဘောလုံးအားကစားနှင့်အတူတည်ဆောက်ထားသောမြို့။ ဘောလုံးအားကစားကိုအသုံးပြု၍"Soccer Friend City အိုင်ဒီယာ"ဖြင့် လူအချင်းချင်း,မြို့နှင့်ဖလှယ်မှုများပြုလုပ်ဖန်တီးခဲ့ပါသည်။ရှိမိဇူအဲစ်ပဲရစ်ဘောလုံးအသင်း

ဖူဂျီတောင်ကိုမြင်ရသောမြို့

  • ရှိဇူအိုကမြို့ရဲ့နေရာအနှံ့မှဖူဂျီတောင်ကိုမြင်တွေ့နိုင်ပါသည်။
    နာမည်ကြီးရှုခင်းကြည့်နေရာများမှာ "နီဟွန်ဒိုင်" "စတအငူ""မိဟိုနိုမစစ်ဘာလ" တို့ဖြစ်ပါသည်။
    "နီဟွန်ဒိုင်"မှ စုရုဂါပင်လယ်အော်ကိုမြင်တွေ့နိုင်သည့်အပြင် ဖူဂျီတောင်ကိုလဲကျယ်ပြန့်စွာမြင်တွေနိုင်သောကြောင့်နိုင်ငံရဲ့နာမည်ကြီးနေရာဖြစ်ပါသည်။ ထိုရှုခင်းသည်ဂျပန်နိုင်ငံ၏အကောင်းဆုံးခရီးသွားလမ်းညွှန်၁၀၀တွင်နံပါတ်၁အဖြစ်ရွေးချယ်ခြင်းခံရလောက်အောင်လှပသောရှုခင်းဖြစ်ပါသည်။
    "စတအငူ" မှစူရုဂါပင်လယ်အော်နှင့် ဖူဂျီတောင်ကိုမြင်တွေ့နိုင်သောရှုခင်းကို ဥတခါဝ ဟိလောရှိဂဲက"တိုကိုင်းဒိုး၅၀ဆင့်"တွင်ရေးဆွဲသားခဲ့ပါသည်။
    အထူးအဖြင့်"မိဟိုနိုမစစ်ဘာလ" မှဖူဂျီတောင်ကိုမြင်နိုင်သောရှုခင်းသည် ၂၀၁၃ခုနစ်တွင်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်မှတ်ပုံတင်ခံခဲ့ရပြီး ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်ကြပါသည်။
    လက်ဖက်ခင်းမှမြင်ရသောဖူဂျီတောင်နှင့် ဆာကူရာပန်းခင်းမှမြင်ရသောဖူဂျီတောင်။ သာမန်အလုပ်သွားအလုပ်ပြန်ချိန်မြင်တွေ့ရသောဖူဂျီတောင်စသဖြင့် ကိုယ့်အကြိုက်ဖူဂျီတောင်ကိုသေချာပေါက်တွေ့ရှိနိုင်ပါသည်။

ရှိဇူအိုကမြို့ရဲ့ပွဲများ

  • ရှိဇူအိုကမြို့ပွဲတော်
    နှစ််စဉ်ဧပြီလဆန်းပိုင်းတွင်ကျင်းပလေ့ရှိသောရှိဇူအိုကမြို့ရဲ့မြို့ပွဲတော်။ ယင်းပွဲတော်တွင်ရဲရပ်စ်စုနှင့်သူ၏ရဲမက်များ၏ဝတ်စုံများကိုဝတ်ဆင်၍ ဆွန်းပုရဲတိုက်မှရှိဇူအိုကမြို့လယ်ကိုစီတန်းလှည့်လည်ကာ ရှေးယခင်ကပန်းကြည့်ပွဲတော်သဏ္ဌာန်ကိုပြန်လည်ပုံဖော်ထားပါသည်။တရားဝင်ဆိုဒ်
  • လမ်းတွင်ပြသသောအနုပညာကမ္ဘာ့ဖလား
    နှစ်စဉ်နိုဝင်ဘာလအစပိုင်းတွင်ကျင်းပသောရှိဇူအိုကမြို့၏အာရှအကြီးဆုံးလမ်းတွင်ပြသသောအနုပညာကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှအနုပညာရှင်များကိုဖိတ်ခေါ်ကာ ယင်းအနုပညာရှင်များက ရှိဇူအိုကမြို့ရဲ့နေရာအနှံ့တွင်ပထမတန်းစားစွမ်းရည်များကိုအသုံးပြုဖျော်ဖြေပြသကြပါသည်။တရားဝင်ဆိုဒ်
  • အာဘေးမြစ်မီးပန်းပွဲတော်
    အာဘေးမြစ်မီးပန်းပွဲတော်သည်နှစ်စဉ်၇လပိုင်းလကုန်တွင် အာဘေးမြစ်ရဲ့ကမ်းဘေးတွင်ကျင်းပပါသည်။ မီးပန်းအသေး, အလတ်, အကြီးအစရှိသောမီးပန်း၁၅,၀၀၀ကို ပစ်ဖောက်ကာနွေရာသီရဲ့ညကောင်းကင်ကိုအရောင်မျိုးစုံဖြင့်ချယ်သသောနွေရာသီအစဉ်အလာတစ်ခုဖြစ်ပါသည်။ တရားဝင်ဆိုဒ်
  • ရှိမိဇူတနဘတပွဲတော်
    ခမ်းနားထည်ဝါစွာပြုလုပ်ထားသောတနဘတအလှဆင်မှုပွဲတော်သည်ရှိမိဇူဆိုင်ခန်းမြို့ကိုအလှဆင်သောရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ ကြီးမားသောလေဘောလုံးကိုအလှဆင်ခြင်းနှင့် ပန်းအလှဆင်ခြင်းများ, ချိဘိမရုကိုချန်နှင့် အဲစ်ပဲရစ်ဘောလုံးအသင်းအစရှိသော ရှိမိဇူနှင့်ပတ်သတ်သောခေါင်းစဉ်များဖြင့်ပြုလုပ်အလှဆင်ထားသောအရာများသည်လဲကြည့်ရတာဆွဲဆောင်မှုကောင်းလှပါသည်။တရားဝင်ဆိုဒ်
  • ရှိမိိဇူဆိပ်ကမ်းပွဲတော်
    နှစ်စဉ်၈လပိုင်းလဆန်းပိုင်းတွင်ရှိမိဇူတွင်ကျင်းပပါသည်။ နှစ်ရက်ကြာကျင်းပသောပွဲတော်တွင်ဒေသခံနှစ်သောင်းလောက်ကပါဝင်ဆင်နွဲကကြသော"မီနာတိုခါပိုရဲဆိုအက"သည်ဆွဲဆောင်မှုအပြည့်။ နောက်ဆုံးနေ့တွင်တစ်နာရီတည်းဖြင့်မီးပန်းတစ်သောင်းကိုပစ်ဖောက်ကာပွဲကိုပွဲတော်ကိုပိတ်သိမ်းပါသည်။ တရားဝင်ဆိုဒ်
  • ယုအိဆာကူရာပုဇွန်ပွဲတော်
    နှစ်စဉ်၅လပိုင်း၃ရက်နေ့တွင်ယုအိငါးဖမ်းဆိပ်ကမ်း၌ကျင်းပပါသည်။ ဖမ်းယူပြီးကာစဆာကူရာပုဇွန်များနှင့် သိလငါးများကိုချက်ချင်းရောင်းချပေးပြီး ဆာကူရာပုဇွန်ငါးဖမ်းသင်္ဘောများကိုအစမ်းစီးခြင်းအစရှိသောပွဲများလဲအများကြီးရှိပါသည်။

ရှိဇူအိုကမြို့တွင်းသွားလည်ရန်တိုက်တွန်းသောနေရာများ

  • ရှိဇူအိုကHobby Square
    ရှိဇူအိုက ကဂုဏ်ယူရသောပလတ်စတစ်ပုံစံအရုပ်များနှင့် ယင်းထုတ်လုပ်သောလုပ်ငန်းရဲ့ဆွဲဆောင်မှုများကိုပြောပြသောအဆောက်အအုံဖြစ်ပါသည်။ ထိုနေရာတွင်ကုမ္ပဏီအမျိုးမျိုးမှ ပလတ်စတစ်ပုံစံအရုပ်များကိုရောင်းချပေးခြင်းနှင့် Mini 4WDထောင့်တွင်မီနီကားများဖြင့်လဲဆော့ကစားနိုင်ပါသည်။ ထို့အပြင်လတိုင်းလိုလိုပွဲပေါင်းများစွာပြုလုပ်လျှက်ရှိပါသည်။ တရားဝင်ဆိုဒ်
  • နီဟွန်ဒိုင်တိရစ္ဆာန်ရုံ
    နှစ်ပေါင်း၅၀ကျော်သမိုင်းရှိသောတိရစ္ဆာန်ရုံဖြစ်ပါသည်။ ၂၀၁၃ခုနစ်တွင်အကုန်နီးပါးပြင်ဆင်၍အသစ်ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ သားရဲပြတိုက်၂၉၉ခန်းနှင့် လေဆာပန်ဒါပြတိုက်အစရှိသောပြတိုက်များစွာရှိပြီး သွားလာလှုပ်ရှားမှုများကိုအနီးကပ်မြင်တွေ့နိုင်ပါသည်။ ခန့်မှန်းခြေအမျိုးပေါင်း၁၆၀ခန့်ရှိပြီး၇၀၀ကျော်သားရဲတိရစ္ဆာန်များကိုမွေးမြူထားပါသည်။ တရားဝင်ဆိုဒ်
  • Nihondaira Dream Terrace
    အမျိုးသားအားကစားကွင်း၏ဒီဇိုင်းပညာရှင်ခုမခန်ငေါ့ကဒီဇိုင်းရေးဆွဲထားပြီးသစ်သားဖြင့်ပြုလုပ်ထားသောရှုခင်းကြည့်စင်။ ရှိဇူအိုကရဲ့ရှုခင်းကိုကြည့်ရှုနိုင်ပြီး စိတ်အေးလက်အေးအပန်းဖြေနိုင်သောကော်ဖီဆိုင်လဲရှိကာ ညအလှရှုခင်းအထိကြည့်ရှုခံစားနိုင်သောနေရာဖြစ်ပါသည်။ တရားဝင်ဆိုဒ်
  • ချိဘိမရုကိုချန်ပြတိုက်
    S-Pulse Dreamပလာဇာထဲတွင်တည်ရှိပြီး "ချိဘိမရုကိုချန်" ရဲ့ကမ္ဘာကိုခံစားနိုင်ပါသည်။ ပြတိုက်ထဲတွင်ချိဘိမရုကိုချန်ရဲ့အသေးအဖွဲပစ္စည်းများကိုရောင်းချပေးနေပြီး ကာတွန်းဇာတ်ကောင်တွေနှင့်အတူဓာတ်ပုံတွဲရိုက်နိုင်သည့်အပြင် ကာတွန်းထဲတွင်ပါဝင်သောမုန်ဆိုင်"မိစစ်ယ" အစရှိသောအရာများဟာလဲဆွဲဆောင်မှုကောင်းလှပါသည်။ တရားဝင်ဆိုဒ်
  • ဥမဲဂါရှိမ ရေပူစမ်း
    ရှိဇူအိုကမြို့လယ်မှမြောက်ဘက်၄၀ကီလိုမီတာကျော်ကွာဝေးသေအာဘေးမြစ်ရင်းရေပူစမ်း။ နှစ်ပေါင်း၁၇၀၀သမိုင်းရှိပြီး ထိရောက်ကြွယ်ဝသောဓာတ်ပစ္စည်းများပါဝင်သော"သိပ်သည်းရေပူစမ်း"လို့ခေါ်ကြပြီး သမိုင်းတွင်နာမည်ကြီးသူများကအသုံးပြုခဲ့ကြပါသည်။ တရားဝင်ဆိုဒ်
  • အိခါဝဆည်
    ရှောဝ ၃၂ခုနစ်တွင်တည်ဆောက်ပြီးစီးခဲ့ပြီး ဂျပန်နိုင်ငံရဲ့ပထမဆုံးအလယ်အပေါက်ပါကွန်ကရစ်ဆည်ဖြစ်ပါသည်။ အမြင်ံ၁၀၃.၆မီတာရှိပြီး အနီးအနားတွင်အိခါဝဘူတာရှိပါသည်။ လေးရာသီလုံးတွင်သဘာဝအလှရှုခင်းကိုကြည့်ရှုချင်သောခရီးသွားဧည့်သည်များဖြင့်ပြည့်နှက်လျှက်ရှိပါသည်။

ရှိဇူအိုကမြိုအပြင်သွားလည်ရန်တိုက်တွန်းသောနေရာများ

  • အိုအိခါဝရထားလမ်းကြောင်း
    အိုအိခါဝရထားလမ်းကြောင်းသည် ခါနရဘူတာမှစန်ဇူဘူတာကို‌ပြေးဆွဲနေသောရေနွေးငွေ့သုံးမီးရထားဖြစ်ပါသည်။ သတ်မှတ်ကာလအတွင်းတွင်သာပြေးဆွဲသော သောမတ်စ်မီးရထားတွဲသည်လူကြိုက်များလှပါသည်။ စန်ဇူကနေအိခါဝကိုပြေးဆွဲနေသော ရွေ့လျားသောသံလမ်းများကိုအသုံးပြု၍ပြေးဆွဲနေသောရထားတွဲသည် ရေကန်ပေါ်တွင်ပေါ်နေသကဲ့သို့ဖြစ်နေသောကြောင့်ရေကန်ပေါ်ကဘူတာဆိုပြီးနာမည်ကြီးလှပါသည်။ တရားဝင်ဆိုဒ်
  • ဆူမာတာချိုင့်
    အစိမ်းရောင်ရွက်များ, ဆောင်းဦးရွက်များနှင့်ရှုခင်းများကလှပသောချိုင့်ဝှမ်းတစ်ခုဖြစ်ပါသည်။ ဆည်ရေအိုင်ကိုဖြတ်၍တည်ဆောက်ထားသောအရှည်၉၀မီတာရှိသော"အိပ်မက်ရဲ့ကြိုးတံတား"သည်လဲနာမည်ကြီးလှပါသည်။ တောင်ပိုင်းအဲလ်ပ်တောင်မှကျလာသောတောင်ကျရေကိုရေပူစမ်းအဖြစ်ပြုလုပ်ထားသော ဆူမာတာရေပူစမ်းသည်"ရုပ်ချောသောမိန်းမဖြစ်စေသောရေပူ" ဆိုပြီးလူသိများပါသည်။
  • ဖူဂျီခရုးအပန်းဖြေဥယျာဉ်
    တချိန်ကစံချိန်၄ခုဖြင့်ကမ္ဘာ့စံချိန်တင်ထားသောဂျက်ကိုစတာ"FUHIYAMA"ကိုအစ, အခြားအခြားသောရိုလာကိုစတာများဖြင့်လူကြိုက်များသောအပန်းဖြေဥယျာဉ်ဖြစ်ပြီး အခုနှစ်တွေအတွင်းမှာလူကြိုက်များသောအနီမေရှင်းတွေနှင့်ပေါင်းစပ်ဖန်တီးထားသောဆွဲဆောင်မှုများလဲများပြားလာပါသည်။ တရားဝင်ဆိုဒ်
  • ဖူဂျီSafariဥယျာဉ်
    ခြင်္သေ့, ကျားအစရှိသောသားရဲတိရစ္ဆာန်မှ ဆင်, သစ်ကုလားအုတ်အစရှိသော အကောင်ကြီးတိရစ္ဆာန်များ, မြင်းကျားအစရှိသောအသားမစားတိရစ္ဆာန်များကို ကိုယ်ပိုင်ကားနှင့် စီစဉ်ပေးထားသောဘတ်စ်ကားများကိုစီးပြီး နီးကပ်စွာမြင်တွေ့နိုင်သော ဂျပန်နိုင်ငံရဲ့အကြီးမားဆုံးSafariဥယျာဉ်ဖြစ်ပါသည်။ ကျားသစ်ကအားကုန်ပြေးသောပြပွဲသည် ရင်ထိန့်ရပါသည်။ တရားဝင်ဆိုဒ်