×
メインメニュー

ရှိဇူအိုကမြို့ရဲဈေးဝယ်နေရာ

ဈေးဝယ်ကုန်တိုက်ကြီး

  • ရှိဇူအိုကအိဆေတန်
    နှစ်ပေါင်း၇၀ကျော်သမိုင်းရှိပြီး, ရှိဇူအိုကကိုကိုယ်စားပြုသောကုန်တိုက်ဖြစ်ပါသည်။ အင်္ကျီအဝတ်အစား, အလှကုန်ပစ္စည်း, အစားအသောက်အပြင် ၈လွှာ၏ပွဲလမ်းသဘင်ကျင်းပသောနေရာတွင် လျော့ဈေးနှင့် အစားအစာပွဲများကိုပုံမှန်ကျင်းပလျက်ရှိပါသည်။တရားဝင်ဆိုဒ်
  • မဇစ်စဂါရ ရှိဇူအိုကဆိုင်ခွဲ
    "JRရှိဇူအိုကဘူတာရုံ" မှမြေအောက်လမ်းဖြင့်တိုက်ရိုက်ဆက်နေပြီး မိန်းအဆောက်အအုံနှင့်မြောက်ပိုင်းအဆောက်အအုံဆိုပြီးအဆောက်အအုံကြီးနှစ်ခုရှိသော သက်တမ်းကြာကုန်တိုက်ကြီးတစ်ခုပါ။ ဈေးကြီးဘရမ်ရဲ့အင်္ကျီအဝတ်အစား, အလှကုန်, အသေးအဖွဲ့ပစ္စည်းများအပြင် ရှိဇူအိုကမြို့ထွက်လက်ဆောင်အဖြစ် အရမ်းကိုသင့်တော်သောမုန့်, အရက်, လက်ဖက်ခြောက်များလဲရှိပါသည်။တရားဝင်ဆိုဒ်
  • ရှင်းရှိဇူအိုက ဆေနိုဗာ
    ရှိဇူအိုကရထားလမ်းကြောင်း"ရှင်းရှိဇူအိုကဘူတာရုံ" နှင့်တိုက်ရိုက်ဆက်နေသောဈေးဝယ်စင်တာဖြစ်ပါသည်။ အာဘမ်စတိုင်မှ လွတ်လပ်ပေါ့ပါးသောစတိုင်အထိဖက်ရှင်အများအပြားကို ဝယ်ယူနိုင်ပြီး, ဈေးဝယ်တဲ့နေရာမှ အစားအသောက်, ရုပ်ရှင်ရုံအထိပါဝင်တာကြောင့် အမျိုးမျိုးသာယာပျော်ရွှင်နိုင်ပါသည်။တရားဝင်ဆိုဒ်
  • ရှိဇူအိုကPARCO
    ဂျပန်ထုတ်ဖက်ရှင်ဘရမ်များစွာကိုတစုတစည်းတည်းဝယ်ယူနိုင်သောဈေးဝယ်စင်တာဖြစ်ပါသည်။ အမျိုးသမီးနှင့်အမျိုးသားဖက်ရှင်, အစားအသောက်, အလှကုန်, အသေးအဖွဲ့ပစ္စည်းအစရှိသောအရောင်းဆိုင်က ခန့်မှန်းခြေ၁၅၀ဆိုင်ခန်းလောက်ရှပြီး ခေတ်ပေါ်ဖက်ရှင်နှင့်ပစ္စည်းများကိုဝယ်ယူနိုင်သောနေရာဖြစ်ပါသည်။တရားဝင်ဆိုဒ်
  • ရှိဇူအိုကဘူတာအဆောက်အအုံ ပါရုရှယ်
    "JRရှိဇူအိုကဘူတာရုံ" နှင့်တိုက်ရိုက်ဆက်နေပြီး အဝတ်အစားမှ အသေးအဖွဲ့ပစ္စည်းအထိရနိုင်သောရှော့ပင်းမော။ ရှိဇူအိုကမှနာမည်ကြီးအစားအစာလက်ဆောင်များကိုစုစည်းထားသော"ရှောခုဆိုင်ကန်"တွင်လက်ဆောင်ပစ္စည်းများကိုရှာဖွေတွေ့ရှိနိုင်ပါသည်။ နွေရာသီရောက်ပါကအပေါ်ဆုံးအထပ်တွင်ဘီယာဥယျာဉ်ကိုလဲပျော်ရွှင်နိုင်ပါသည်။တရားဝင်ဆိုဒ်
  • ရှိဇူအိုကတိုကရုစုကွေယား
    ၂၀၁၇ခုနစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး မြို့ရဲ့ပထမဆုံးဆိုင်ဖြစ်သော "Flying Tiger Copenhagen"ဆိုင်ကိုအစ, လွတ်လပ်ပေါ့ပါးသောဖက်ရှင်နှင့်အသေးအဖွဲ့ပစ္စည်းများ, အရုပ်များကိုရောင်းချနေသောဈေးဝယ်စင်တာဖြစ်ပါသည်။တရားဝင်ဆိုဒ်
  • MARK ISရှိဇူအိုက
    "JRဟိဂါးရှိ ရှိဇူအိုကဘူတာ" ဖက်ခြမ်းရဲ့ရှော့ပင်းစင်တာအကြီးဖြစ်ပြီး နိုင်ငံအတွင်းအပြင်မှ လွတ်လပ်ပေါ့ပါးသောဘရမ်များရဲ့အသေးအဖွဲ့ပစ္စည်းများ, အစားအသောက်, ဝန်ဆောင်မှုများပြည့်စုံစွာရရှိနိုင်ပါသည်။ ကားရပ်နားခ၃နာရီအခမဲ့။တရားဝင်ဆိုဒ်
  • ရှိဇူအိုကစင်တာစုကွေယား
    Apitaရှိဇူအိုကနှင့်ဆင်ပြီးအဆောင်သုံးဆောင်အဖြစ်တည်ဆောက်ထားပါသည်။ "ရှော့ပင်းမော", "အစားအသောက်ဆိုင်",GOLF5&Alpenကပါဝင်သော "အားကစားဆိုင်"ဖြစ်ပါသည်။တရားဝင်ဆိုဒ်
  • S-Pulse Dreamပလာဇာ
    "ရှိမိဇူဆိပ်ကမ်း" ဖက်ခြမ်းမှဈေးဝယ်စင်တာဖြစ်ပြီး လတ်ဆတ်သောငါးဟင်းလျာများနှင့်လက်ဆောင်ပစ္စည်းအမျိုးစုံလင်စွာရနိုင်ပါသည်။ ထို့အပြင်ဂျပန်နိုင်ငံ၏တခုတည်းသောစုရှိပြတိုက်, ချိဘိမရုကိုချန်ပြတိုက်, ရုပ်ရှင်ရုံနှင့် ရဟတ်ယာဉ်အစရှိသော အပန်းဖြေစရာနေရာများစွာရှိလဲပါသည်။တရားဝင်ဆိုဒ်
  • Frespoရှိဇူအိုက
    ရှိမိဇူတိုရိဆာကမှာရှိသောဈေးဝယ်စင်တာ။ မြို့ရဲ့တစ်ခုတည်းသော"Toys“R”Us"ဆိုင်ကိုအစပြုပြီး စူပါမားကတ်, အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင်တွေရှိသော ဒေသရှော့ပင်းမောစင်တာဖြစ်ပါသည်။တရားဝင်ဆိုဒ်
  • BayDreamရှိမိဇူ
    မြို့ရဲ့အကြီးမားဆုံးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်"Home Assist"အပြင်, ဖက်ရှင်, အသေးအဖွဲပစ္စည်း, အစားအသောက်များကစုစည်းနေသောရှော့ပင်းစင်တာကြီး။တရားဝင်ဆိုဒ်

အခြားအဆောက်အအုံများ

  • ဒုန်းခိဟိုတယ်(မြို့တွင်း၃ဆိုင်)
    အစားအသောက်, နေ့စဉ်သုံးပစ္စည်း, အလှကုန်ပစ္စည်းများကိုအမျိုးအစားများစွာရောင်းချလျက်ရှိသော duty freeဆိုင်။တရားဝင်ဆိုဒ်
  • CAINZ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်(မြို့တွင်၂ဆိုင်)
    ကြီးမားကျယ်ဝန်းသောနေရာရှိပြီး ကိုယ်ပိုင်ဘရမ်ပစ္စည်းများကိုစုံလင်စွာရောင်းချနေပါသည်။တရားဝင်ဆိုဒ်
  • Jumbo ENCHO(မြို့တွင်း၇ဆိုင်)
    ရှိဇူအိုကမြို့မှာရှိသောကွင်းဆက်အိမ်ဆောက်ပစ္စည်းဆိုင်ဖြစ်ပြီး DIYနှင့်ပတ်သတ်သောပစ္စည်းများစွာရှိပြီး အခမဲ့ပြုလုပ်နိုင်သောနေရာများလဲ ထားရှိထားပါသည်။တရားဝင်ဆိုဒ်
  • Kahma(မြို့တွင်း၃ဆိုင်)
    ဂျပန်နိုင်ငံအလယ်ပိုင်းကိုအခြေပြု၍ဖွင့်လှစ်ထားသော အိမ်ဆောက်ပစ္စည်းဆိုင်။ ဈေးနှုန်းချိုသာစွာပြုလုပ်ထားသောကိုယ်ပိုင်ဘရမ်ပစ္စည်းများသည်လူကြိုက်များလှပါသည်။တရားဝင်ဆိုဒ်
  • Keiyo Day(မြို့တွင်း၁ဆိုင်)
    "ပုံမှန်နေထိုင်မှုအတွက်လိုအပ်ပစ္စည်းအရောင်းဆိုင်" ကိုဦးတည်ထားသောအိမ်ဆောက်ပစ္စည်းဆိုင်။ နေထိုင်မှုအတွက်ကူညီသူအဖြစ်ဒေသအတွင်းလူကြိုက်များပါသည်။တရားဝင်ဆိုဒ်
  • Nisshoku(မြို့တွင်း၄ဆိုင်)
    ပြည်ပစားသောက်ကုန်ပစ္စည်းနှင့်ဟင်းခတ်အမွှေးအကြိုင်အစရှိသည့်ကမ္ဘာအနှံ့မှအစားအသောက်များကိုရောင်းချသောဆိုင်ငယ်။ ကုန်ပစ္စည်းအသိပညာကြွယ်ဝသောဝန်ထမ်းကအမြဲတမ်းရှိနေပါသောကြောင့် စိတ်ချစွာဈေးဝယ်ယူနိုင်ပါသည်။
  • ၁၀၀ယန်းဆိုင်
    ရှိဇူအိုကမြို့တွင်းတွင် နေ့စဉ်သုံးပစ္စည်းနှင့်မုန့်အစရှိသည်များကိုရောင်းချသော၁၀၀ယန်းဆိုင်သည် Daiso, Seria, Lemon ကိုဗဟိုပြု၍ဆိုင်ပေါင်း၄၀ကျော်ရှိပါသည်။ဂျပန်တနိုင်ငံလုံးယန်း၁၀၀ဆိုင်မြေပုံ