×
メインメニュー

カスタマーサポート課スタッフ募集中

Surugaya တွင် ရောင်းဝယ်အော်ဒါများလွန်းသောကြောင့်Customer Support ဌာနတွင်ဝန်ထမ်းများကိုတိုးချဲ့ပါမည် ★★
မျှော်မှန်းထားသောအနာဂတ်နှင့်လိုက်၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပြင်ဆင်ထားပါသည်။
အလုပ်ကိုအရမ်းကြိုးစားတဲ့သူကော ပုံမုန်ကြိုးစားတဲ့သူကော ကိုယ်နဲ့လိုက်ဖက်သောနေရာကို လွတ်လပ်စွာအလုပ်လျှောက်ထားနိုင်ပါသည် ♪♪

Surugaya Customer Support ဟာဘယ်လိုမျိုးလဲ?

အင်တာနက်ကအော်ဒါတွေလက်ခံခြင်း, မေးလ်, ဖုန်းဖြင့်ဝယ်သူတွေထံဆက်သွယ်ဖြေကြားခြင်းတို့ကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။
အောင်လက်မှတ်, အတွေ့အကြုံမရှိသူဆိုရင်လဲပြသာနာမရှိပါ။
ဖုန်းဖြင့်အသံဖမ်းထားခြင်းအစရှိသည်များကြောင့် မကောင်းသောဖုန်းဆက်လာခြင်းများကိုမလာခင်ကကြိုတင်ကာကွယ်ပြီးသားဖြစ်ပါသည်။ SNSဖြင့်မိတ်ဆက်ခြင်းများဖြင့်ဌာနရဲ့ကောင်းမွန်စွာလည်ပတ်နိုင်မှုကိုပြုလုပ်လျှက်ရှိပါသည်။
ရုံးခန်းတွင်းမှာအလုပ်လုပ်ရမှာဖြစ်ပြီး ခွဲတမ်းနှင့် အလုပ်နေရာရွေ့ ပြောင်းခြင်းများလဲမရှိပါ။ အလုပ်ဝင်ပြီးနောက်ပိုင်းမှာ စီနီယာတွေကိုကူညီပေးမှာဖြစ်လို့ စိတ်ချစွာအလုပ်လုပ်ကိုင်နိုင်ပါသည် ♪

အလုပ်အမျိုးမျိုးတွင်လုပ်ကိုင်ဖူးသူများကလုပ်ကိုင်လျက်ရှိပါသည် !

စားသောက်ဆိုင်စားပွဲထိုးနှင့် ဟိုတယ်ဝန်ထမ်း
အဝတ်အထည်အရောင်းဝန်ထမ်းနှင့် အရောင်းမြှင့်တင်ရေးဝန်ထမ်းအစရှိသော အမျိုးမျိုးသောလုပ်ငန်းများမှအလုပ်ပြောင်းလာသူများ ကအစ,အိမ်ရှင်မအဖြစ်အလုပ်နားထားပြီးမှအလုပ်ပြန်လုပ်သူများအထိ လုပ်ဖော်ကိုင်ဖက်အများအပြားကလုပ်ကိုင်လျက်ရှိပါသည်။

သူ့အလိုလို ITပညာကိုတတ်မြောက်နိုင်ပါသည် ★

Surugayaရဲ့ အော်ဒါမှအစ ပို့ဆောင်မှုအထိ ECဆိုဒ်၏အပိုင်းကဏ္ဍများကိုသိရှိနိုင်သော Surugaya Customer Support ဌာနဖြစ်ပါသည်။
ကွန်ပျူတာပညာနှင့် ITပညာကိုတတ်မြောက်ချင်သောသူများအတွက်အကောင်းဆုံးပါ ♪