×
メインメニュー

デザイン課採用特集

"Art Director","Web Designer", "အင်တာနက်လည်ပတ်မှုတာဝန်ခံ" လူအရေအတွက်များစွာခေါ်ယူနေပါသည်!

ဤတစ်ကြိမ်တွင် Surugaya တွင်အလုပ်တိုးချဲ့မှုနဲ့လိုက်၍ ကြော်ငြာ ဒီဇိုင်းနာကိုခေါ်ယူလျက်ရှိပါသည် !

အလုပ်စတင်တည်ထောင်သော ၁၉၉၈နောက်ပိုင်းမှစ၍ ရောင်းအားမြှင့်တက်လျက်ရှိပြီး ယခုနှစ်အတောအတွင်းတွင် ဘောလုံးသင်တန်းအစရှိသည့် မြို့အတွက်ကောင်းသောပွဲများနှင့် Idol ပွဲများသည်လူကြိုက်များလှပါသည်။ ဂျပန်၏ ရိုးရာယဉ်ကျေးမှုကိုကမ္ဘာ့ပရိသတ်ရှိရောက်ရှိအောင်ပို့ပေးရန် နိုင်ငံခြားထိထိုးဖောက်ခြင်းအစရှိသည့်စိန်ခေါ်မှုများစွာကိုပြုလုပ်နေသောမိမိတို့ကုမ္ပဏီတွင်အတူအလုပ်လုပ်ကြည့်ပါလား !?

ခေါ်ယူနေသောအလုပ်အမျိုးအစားများမှာ "Art Director","Web Designer", "အင်တာနက်လည်ပတ်မှုတာဝန်ခံ" ဖြစ်ပါသည်။
လစာကိုပြောင်းလဲပြင်ဆင်ထားပါသည်။
အတွေ့ကြုံရှိသူ, လုပ်ငန်းကိုချက်ချင်းလုပ်ကိုင်နိုင်သူကိုဦးစားပေးမည်!!
ကုမ္ပဏီ၏သတ်မှတ်ထားသောအကဲဖြတ်စံကိုကျင့်သုံးပြီး တစ်နှစ်လျှင်၃ကြိမ်အရည်အချင်းပေါ်လိုက်၍လစာကိုသတ်မှတ်ပေးပါမည်။
အလုပ်လုပ်ချင်စိတ်နှင့် ရလဒ်ပေါ်မူတည်၍လစာကချက်ချင်းအပြောင်းအလဲရှိပါသည် !
အချိန်ပိုအလုပ်ချိန်သည် တစ်ဦးလျှင်တစ်လပျှမ်းမျှ၃.၅နာရီလောက်ပဲရှိပြီး အချိန်ပိုမရှိသလောက်ပဲ !
သူငယ်ချင်း, မိသားစုနှင့်အတွက်အတူနေချိန်, ဝါသနာကိုလုပ်ဆောင်နိုင်သောကိုယ်ပိုင်အချိန်ကိုအပြည့်အဝရရှိမှာအမှန် !

လူပြည့်ပါက အလုပ်ခေါ်ယူခြင်းကိုရပ်နားပါမည် !
Surugaya တွင်စိန်ခေါ်မှုပြုလုပ်ချင်သောသင့်ရဲ့အလုပ်လျှောက်ထားမှုကိုစောင့်မျှော်နေပါသည် ★

Art Director(ဒီဇိုင်းဌာန မန်နေဂျာ )

ဒီဇိုင်းဌာနရဲ့ စီမံခန့်ခွဲမှုအကုန်လုံးကိုလုပ်ကိုင်ရပါမည်။

  • ဌာနရှိအဖွဲ့ဝင်တွေကိုထိန်းသိမ်းကွပ်ကဲမှု(အချိန်ဇယား, အရည်အသွေးစီမံခန့်ခွဲမှု, သင်ကြားပေးခြင်း)
  • အသင်းတည်ဆောက်ခြင်း
  • ကုမ္ပဏီ၏Brandနှင့်ပတ်သတ်၍သတင်းမြှင့်တင်ခြင်း
  • အကျိုးသက်ရောက်မှု,ပြုပြင်ပြောင်းလဲမှုတင်ပြချက်
  • အလုပ်ခန့်ခြင်းဆောင်ရွက်ချက်
  • Customerအသစ်များကိုရှာဖွေခြင်း

Web Designer

အဓိကအလုပ်မှာကုမ္ပဏီ၏ အင်တာနက်ဆိုဒ် "Surugaya" ရဲ့ ဝက်ဒီဇိုင်းကိုပြုလုပ်ခြင်းအလုပ်ဖြစ်ပါသည်။
ပစ္စည်းအသစ်မိတ်ဆက်စာမျက်နှာနှင့် ဆိုင်ကြော်ငြာစာမျက်နှာများကိုဒီဇိုင်းပြုလုပ်၍ ကုဒ်အပိုင်းလဲရေးပေးရမှာဖြစ်ပါသည်။
ထို့အပြင် ကုမ္ပဏီဝက်ဆိုဒ်ထိန်းသိမ်းလည်ပတ်မှု, SNSဖြန့်ဖြူးခြင်း, အခြားဝက်ဆိုဒ်ကိုအသစ်ဖန်တီးခြင်းအစရှိသည့် ဝက်ဆိုဒ်ကြော်ငြာနှင့်ပတ်သတ်သောအရာအားလုံးကိုလုပ်ဆောင်ရမှာဖြစ်ပါသည်။

အွန်လိုင်းဆိုင်ရဲ့လည်ပတ်မှုဆိုင်ရာတာဝန်ခံ

အဓိကလုပ်ဆောင်ရမည့်အလုပ်သည် ကုမ္ပဏီရဲ့အင်တာနက်ဆိုဒ်"Surugaya" ရဲ့ကုန်ပစ္စည်းလက်ကျန်ထိန်းသိမ်းမှုဖြစ်ပါသည်။
အရောင်းမြှင့်တင်ရန်အတွက်အပြင်အဆင်, စာလုံးရှာဖွေမှုအချက်အလက်သတ်မှတ်မှုအစရှိသည်များကိုပြုလုပ်ပေးရမှာဖြစ်ပါသည်။
အခြားအပြင် ရခုတန်း, ရဟူးဈေးဝယ်စင်တာအစရှိသောစင်တာများသို့ပစ္စည်းရောင်းတင်ခြင်း, အသုံးပြုနှုံးအရေတွက်ကိုတွက်ချက်ခြင်း, လစဉ်PVအစီရင်ခံစာများကိုရေးဆွဲခြင်း, ကုမ္ပဏီရဲ့ကြော်ငြာများကိုကိုင်တွယ်ဆောင်ရွက်ခြင်းများကိုပြုလုပ်ရပါမည်။