×
メインメニュー

ရှိဇူအိုကဆိုင်အထူးအနေဖြင့် မှတ်ပုံတင်စနစ်အချိန်ပိုင်းအလုပ်သမားတစ်နာရီ၁,၂၅၀ယန်း

တစ်ရက်ကို၃နာရီ လဲအိုကေ, တစ်ပတ်တစ်ရက်ဆိုလဲအိုကေ !
အလုပ်လုပ်ပေးရမည့်အလုပ်အကြောင်းကိုမေးလ်ဖြင့်ဆက်သွယ်မှာဖြစ်သောကြောင့် ကိုယ်လုပ်ချင်သောအလုပ်ဖြစ်ပါကလျှောက်ထားနိုင်ပါသည်။

‌လျှောက်လွှာလမ်းညွှန်

အချိန်ကာလအတွင်းသာ, ယခုဆိုရင်တစ်နာရီယန်း ၁,၂၅၀(၂၂နာရီ ~၂၄နာရီ)
လစာကောင်းကောင်းရဲ့ယခုအခွင့်အရေး, Surugaya ဆိုင်မှာပျော်ရွှင်စွာငွေရှာကြပါစို့ !

အချိန်ပိုင်းလစာ

※၉နာရီ ~ ၂၄နာရီကြားကို၃နာရီအထက်အလုပ်လုပ်နိုင်သူ

အလုပ်လုပ်ကိုင်ရမည့်ဒေသ

  •  Surugayaရှိဇူအိုကဆိုင်ချုပ်
  • Surugayaရှိဇူအိုကဆိုင်ချုပ်

    ရှိဇူအိုကမြို့အအိုအိရပ်ကွက် ခိုရမချိ၈-၁ JADEခိုရမချိတိုက်၁လွှာ~၃လွှာအထိ

    အလုပ်ခေါ်ချိန် : ၉နာရီ~၂၂နာရီ

  • 南瀬名店
  • Book Market a-Tooမိနာမိဆဲနဆိုင် Supported by Surugaya

    ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် မိနာမိဆဲနချော၂-၅

    အလုပ်ခေါ်ချိန် : ၉နာရီ~၂၄နာရီ

  • 袖師店
  • Book Market , a-Too ဆိုဒဲ့ရှိဆိုင် Supported by Surugaya

    ရှိဇူအိုကစီရင်စု ရှိဇူအိုကမြို့ ရှိမိဇူရပ်ကွက် ဆိုဒဲ့ရှိချော၁၁၃၇-၁

    အလုပ်ခေါ်ချိန် : ၁၀နာရီ~၂၄နာရီ

  • Surugaya ဖူဂျီအဲဒါဆိုင်
  • Surugaya ဖူဂျီအဲဒါဆိုင်

    ရှိဇူအိုကစီရင်စု ဖူဂျီအဲဒါမြို့ မိဒိုးရိချော ၁-၆-၅

    အလုပ်ခေါ်ချိန် : ၉နာရီ~၂၄နာရီ

  • Surugaya မဘုချိဆိုင်
  • Surugaya မဘုချိဆိုင်

    ရှိဇူအိုကစီရင်စု ရှိဇူအိုကမြို့ စုရုဂါ့ရပ်ကွက် မဘုချိ၂-၃-၅

    အလုပ်ခေါ်ချိန် : ၉နာရီ~၂၄နာရီ

အလုပ်အကြောင်းအသေးစိတ်

ပစ္စည်းထုပ်ပိုးခြင်း, ရောင်းရန်ပစ္စည်းများကိုစင်‌ပေါ်မှာစီပေးခြင်း,ပစ္စည်းကောက်ခြင်းနှင့် လွယ်ကူသောကွန်ပျူတာသုံးပြီးရေးသွင်းသောအလုပ်များကိုလုပ်ကိုင်ရပါမည်။
※ကောင်တာထိုင်ခြင်းနှင့်Customerများနှင့်ပြောဆိုဆက်ဆံရခြင်းများမဟုတ်ပါ။

‌အလုပ်လျောက်ထားရန်နည်းလမ်း

အလုပ််လျှောက်ရန်နည်းလမ်း

‌လျှောက်ထားချင်သူများသည် ဝင်ခွင့်ဖောင်မှဝင်ပြီးကိုယ်ပိုင်အကောင့်ကိုပြုလုပ်၍ မှတ်ပုံတင်အချိန်ပိုင်းအလုပ်သမားများရှင်းပြပွဲကိုလားရောက်ရပါမည်။
ပြီးရင်အလုပ်ခေါ်ယူတဲ့မေးလ်ကိုပို့မှာဖြစ်သောကြောင့် ကိုယ်လုပ်နိုင်သောအချိန်,နေ့ရက်ကိုအကြောင်းပြန်ပြီးစတင်အလုပ်လုပ်ကိုင်ိနုင်မှာဖြစ်ပါသည်။

အချိန်ကာလ

၁ရက်ကစပြီးလုပ်ကိုင်နိုင်။ အလုပ်ဆင်းမည့်ရက်,အချိန်ကိုကိုယ်ဆင်းချင်တဲ့အတိုင်းလုပ်ကိုင်နိုင်သည်။

လျှောက်ထားရန်အရည်အချင်း

အသက်၁၆နှစ်အထက်ဖြစ်ပါက မည်သူမဆိုလုပ်ကိုင်နိုင်ပါသည်။ အလုပ်နှစ်ခုကိုတပြိုင်တည်းလုပ်သူများကိုလဲ ဝမ်းမြောက်စွာကြိုဆိုပါသည် ! !
※ ၂၂နာရီ ~၂၄နာရီ ကြား,၁၈နှစ်နှင့်အထက်သာ

ဆက်သွယ်ရန်

A-tooကုမ္ပဏီ အချိန်ပိုင်းဝန်ထမ်းခန့်ဆိုင်ရာ
TEL054-333-9133(မနက်၁၀နာရီမှ ည၈နာရီအတွင်း)